တခါသုံး GSM ဖုန်းကဒ်များ ဈေးတက်ပြီ

Monday, December 15, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ တခါသုံး GSM ဖုန်းကဒ်များ ပြင်ပဈေးကွက်တွင် ဈေးနှုန်း သိသာစွာ မြင့်တက်နေသည်။

ရတနာပုံ ဆိုက်ဘာစီးတီး၏ အိုင်စီတီ နည်းပညာပြပွဲတွင် တခါသုံး GSM ဖုန်းကဒ်ကို FEC 10/20 တန်ကြေး (ကျပ်ငွေ ၁၂၀၀၀ နှင့် ၂၄၀၀၀) ဖြင့် ရောင်းချပေးနေစဉ် ပြင်ပဈေးကွက်တွင် GSM 20 တန်မှာ ကျပ်ငွေ ၃၅၀၀၀ မှ ၄၀၀၀၀ အထိ ဈေးပေါက်နေခြင်း ဖြစ်သည်။

"၁၀ တန်က လောလောဆယ် ကုန်နေတယ်။ မနက်ဖြန်မှပဲ ရမယ်။ အခုက ၂၀ တန်ပဲ ရှိတယ်။ အရောင်း သွက်တယ်။ ကျနော်တို့က ၅၀၀၀ ပဲ အမြတ်တင်တာ" ဟု တခါသုံး GSM ဖုန်းကဒ် ရောင်းနေသည့် ပွဲစားတဦးက မဇ္ဈိမကို ပြောသည်။

ယခုကဒ်များကို ရတနာပုံ အိုင်စီတီ နည်းပညာပြပွဲတွင် ယခုလ ၁၂ ရက်နေ့က စတင်၍ မိတ်ဆက်ရောင်းချပြီး ၃ ရက်အကြာတွင် ပြင်ပတွင် မိုဘိုင်း Handset အရောင်းဆိုင်များတွင် တဆင့်ခံ ရောင်းချနေခြင်း ဖြစ်သည်။

"တရားဝင်ဆိုလို့ အိုင်စီတီက ဆိုင်ပဲ ရှိတယ်။ အပြင်က လူတွေ အားလုံးလိုလိုက သူတို့ကနေတဆင့် ၀ယ်ရောင်း နေကြတာ" ဟု မိုဘိုင်းပွဲစားကပင် ဆက်ပြောသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ နာမည်ကြီး Mobile King မိုဘိုင်းအရောင်းဆိုင်တွင် handset ၀ယ်ယူသူများကို တခါသုံး GSM ဖုန်းကဒ်များပါ ၀န်ဆောင်မှုတခုအနေဖြင့် ရောင်းချပေးနေသည်။

Mobile King ဆိုင်တာဝန်ခံတဦးက "ကျနော်တို့ဆိုင်က Handset ၀ယ်တဲ့သူတွေကို အရင်းအတိုင်းပဲ (FEC 20) ရောင်းပေးတယ်။ ၀န်ဆောင်မှုတခုအနေနဲ့ လုပ်ပေးတာပါ။ handset မ၀ယ်ရင်တော့ FEC 28 နဲ့ပဲ ရောင်းပေးတယ်" ဟု ပြောသည်။

တခါသုံး GSM ဖုန်းကဒ် FEC 10 တန်ကို သုံးစွဲနိုင်သည့် သက်တမ်းမှာ ၁၄ ရက်ဖြစ်ပြီး၊ FEC 20 တန်ကို သက်တမ်း တလ အထိသာ သတ်မှတ်ထားသည်။

ယခုလို သက်တမ်း ကန့်သတ်ချက်များ ရှိသော်လည်း ၀ယ်ယူအားပေးသူ များပြားနေရခြင်းသည် အစိုးရမှ ချပေးထားသည့် GSM မိုဘိုင်း ဈေးနှုန်းနှင့်ယှဉ်ပါက သာမန်ပြည်သူများ ၀ယ်ယူ သုံးစွဲနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သူက ပြောသည်။

သူက "အစိုးရထုတ်တဲ့ GSM တွေကို မတိုးနိုင်ကြတော့ တခါသုံးဆိုပေမယ့် ၀ယ်သုံးချင်တဲ့သူတွေက ရှိနေတော့ ၀ယ်ကြတယ်" ဟု ပြောသည်။

သူတို့ဆိုင်တွင် GSM မိုဘိုင်း Handset ကို တနေ့လျှင် အလုံး ၂၀ ကျော် ရောင်းအားရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */