အဖိဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ

Monday, December 15, 2008 ·

သတင်း မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၏ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ခ်ျချချီဝ သည် ပြိုင်ဘက် ဖို့ဖန်တင် (Puea Pandin) ခေါင်းဆောင် ပရချား ဖရူမ်းနောက် (Pracha Promnok) ကို အနိုင်ရပြီး ၀န်ကြီးချုပ်အဖြစ် အရွေးခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် အဖိဆစ်သည် ၂၇ ဦးမြောက်နှင့် အသက် အငယ်ဆုံးသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာသည်။

ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သည် မဲ ၂၃၅ မှတ် ရရှိပြီး ဖို့ဖန်တင် ပါတီခေါင်းဆောင်မှာ ၁၉၈ မဲသာ ရရှိခဲ့သည်။ ယခု ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိမှုသည် ယခင်ဝန်ကြီးချုပ် ထပ်ဆင် ရှင်န၀ပ်နှင့် သူ့ပါတီကို သစ္စာခံသူများ၏ ၇ နှစ်ကြာ အုပ်စိုးခဲ့မှုကို အဆုံးသတ်လိုက်သည်။

အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့တွင် မွေးဖွားပြီး အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းမှ ၀န်ကြီးချုပ်ဖြစ်လာသူသည် ဖျက်သိမ်းခံလိုက်ရသည့် ပြည်သူ့အင်အား (ပီပီပီ) ပါတီဝင်ဟောင်းများနှင့် ယခင် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် အခြားပါတီငယ်များကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထပ်ဆင်ကိုထောက်ခံခဲ့သူ နေ၀င်း ချစ်ချော့ပ် ဦးဆောင်သော အဖွဲ့သည် ပါတီဟောင်း ပြည်သူ့အင်အားပါတီမှ ခွဲထွက်လာပြီး ဒီမိုကရက်နှင့် ပူးပေါင်းလာမှုက ထပ်ဆင် တဆင့်ခံပါတီ၏ ပါလီမန်အတွင်း ကြီးစိုးမှုကို အင်အားချိနဲ့ စေခဲ့သည်။

ယနေ့ ပါလီမန်အတွင်း မဲပေးရွေးချယ်မှုသည် ယခင်အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီသည် ရွေးကောက်ပွဲတွင် မဲလိမ်မှုများကြောင့် ဖျက်သိမ်းခံလိုက်ရပြီး ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ ရာထူးမှ အလိုအလျောက် လွတ်ထွက်သွားခြင်းကြောင့် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရက် (၃၀) အတွင်း ဝန်ကြီးချုပ် ရွေးကောက်တင်မြောက်ရမည် ဟူသော အချက်ကြောင့် ယခုကဲ့သို့ အစိုးရအာဏာ အလွဲအပြောင်း ဖြစ်သွားခြင်း ဖြစ်သည်။

ထပ်ဆင်သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂ အစည်းအဝေး သွားရောက်တက်ရောက်နေစဉ် အာဏာသိမ်းခံ လိုက်ရသည်။ ယခုတွင်မှု ထိုင်းနိုင်ငံ ဗဟိုတရားရုံးမှ သူ့ဇနီးဝယ်ယူရရှိခဲ့သည့် ဘန်ကောက်မြို့လယ် ရတ်ချဓါး မြေနေရာကို သူ၏ အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ဝယ်ယူရရှိခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒါဏ် ချမှတ်ခံရခြင်းကြောင့် ပြည်ပတွင် ပတ်ကာ တိမ်းရှောင်နေရသည်။ ထို့အပြင် ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မြန်မာနိုင်ငံသို့ ချပေးသည့် ဘတ်သန်း ၄၀၀၀ ငွေချေးမှု အပါအဝင် အခြား လာဘ်စားမှု၊ အာဏာအလွဲသုံးစားပြုမှုများဖြင့် တရားရင်ဆိုင်နေရသည်။ လွန်ခဲ့သည့်လတွင် ဇနီးသည် ဖွတ်ဂျမန်း နှင့် ကွာရှင်း ပြတ်စဲခဲ့သည်။



ထိုင်းဝန်ကြီးချုပ်သစ် - အဖိဆစ် ဝေ့ခ်ျချချီဝ
အသက် ၄၄ နှစ်၊ ဒီမိုကရက်ပါတီခေါင်းဆောင်

ထိုင်းနိုင်ငံ အသက်အငယ်ဆုံး ၀န်ကြီးချူပ်သစ် အဘီဆစ် (Abhisit Vejjajiva) ) ကို ၀န်ကြီးချူပ်ဟောင်း ချွန်လင်ပိုင်း နှင့်အတူတွေ့ရစဉ်
၁၉၆၄ သြဂုတ်လ ၃ ရက်နေ့ တွင် အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့တွင် ထိုင်းနိုင်ငံသားမိသားစု ဖြစ်သည့် ဆေးပညာရပ်ဆိုင်ရာ ပရော်ဖက်ဆာများ ဖြစ်ကြသည့် Dr. Athasit Vejjajiva and Dr. Sodsai Vejjajiva တို့မှ မွေးဖွားသည်။ ဖေဖော်ဝါရီလ ၂၀၀၅ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အတိုက်အခံပါတီဖြစ်သည့် Democrat Party ခေါင်းဆောင်ဖြစ်လာသည်။

ငယ်စဉ်ဘဝ
အင်္ဂလန်နိုင်ငံရှိ Scaitclife ကျောင်းနှင့် Eton ကောလိပ်တို့တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

အောက်စဖို့ဒ် တက္ကသိုလ် St John's ကောလိပ်တွင် တက်ရောက် ပညာသင်ကြားပြီးနောက်တွင် စိတ်ပညာ၊ နိုင်ငံရေးနှင့် စီးပွားရေးဘာသာရပ် အထူးပြု Bachelor ဒီဂရီရရှိခဲ့သည်။

Chulachomklao (ဂျူးလားဂျွမ်းကလော့ဝ်) တော်ဝင် စစ်အကယ်ဒမီတွင် ဆရာအဖြစ် အမှုထမ်းခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ Master ဒီဂရီအတွက် အောက်စ်ဖို့ဒ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ ထမာဆတ်တက္ကသိုလ် စီးပွားရေးဌာနတွင် ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထိုင်းနိုင်ငံ Ramkhamhaeng တက္ကသိုလ်မှ ဥပဒေဆိုင်ရာ ဘွဲ့ကိုလည်း ရရှိခဲ့သည်။

မိသားစုဘဝ
အဖိဆစ် ဝေ့ခ်ျချချီဝ သည် သွားဆရာဝန်ဟောင်းနှင့် လက်ရှိ ဂျူးလားလုံးကွဏ်းတက္ကသိုလ် သင်္ချာဌာနမှ ဆရာမဖြစ်သူ Dr Pimpen Sakuntabhai နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် သားတယောက် သမီးတယောက် ထွန်းကားသည်။

ဝေ့ခ်ျချချီဝ မျိုးရိုးသည် ထိုင်း-တရုတ် လူမျိုးများဖြစ်ပြီး အဖိဆစ် ဝေ့ခ်ျချချီဝ ကိုယ်တိုင် စတုတ္ထမြောက် ထိုင်း-တရုတ်မျိုးဆက် ဖြစ်သည်။ သူ့အထက်တွင် အမနှစ်ဦး ရှိသည်။

နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်ခြင်း
၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မဲဆန္ဒနယ် ဒီမိုကရက်လွတ်တော်အမတ်အဖြစ် နိုင်ငံရေးလောကသို့ စတင် ၀င်ရောက်သည်။ ဆက်လက်၍ ဘန်ကောက်မဲဆန္ဒနယ်မှ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင်လည်း လွတ်တော်အမတ်အဖြစ် ရွှေးကောက် တင်မြှောက်ခံရသည်။

၂၀၀၁ နှင့် ၂၀၀၅ ခုနှစ် ရွှေးကောက်ပွဲများတွင် ဒီမိုကရက်ပါတီ ကိုယ်စားလှယ်အဖြစ် ပါလီမန်သို့ ၀င်ရောက်ခဲ့သည်။

ဒီမိုကရက်ပါတီ ပြောရေးဆိုခွင့်ရှိသူ၊ အစိုးရပြောရေးဆိုခွင့်ရှိသူ၊ ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာ ကိစ္စများအတွက် ဒုတိယအတွင်းရေးမှူး၊ ပါလီမန်၏ ပညာရေးဆိုင်ရာကော်မတီ ဥက္ကဌတာဝန်များအပြင် ၀န်ကြီးချုပ်ရုံးဝန်ကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

ဒီမိုကရက်ပါတီ ခေါင်းဆောင်
၂၀၀၁ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ၏ ပါတီတွင်း ခေါင်းဆောင်ရာထူးအတွက် Banyat Bantadtan နှင့် အပြိုင် အမည်တင်သွင်းခဲ့သည်။ Abhisit ရှုံးနိမ့်ခဲ့ရပြီး ၂၀၀၅ ခုနှစ် ပါလီမန် ရွေးကာက်ပွဲတွင် ဒီမိုကရက်ပါတီမှာလည်း ၀န်ကြီးချုပ်ဟောင်း ထပ်ဆင်၏ ထိုင်းရတ်ထိုင်း ပါတီသို့ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်က Banyat မှာ ပါတီခေါင်းဆောင်ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပါတီခေါင်းဆောင် ဖြစ်လာသည်။

ထပ်ဆင်ဆန့်ကျင်ရေး
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၀န်ကြီးချုပ် ထပ်ဆင်က ရှောင်တခင်ရွေးကောက်ပွဲ ကျင်းပရန် ကြေညာသောအခါ အဖိဆစ်သည် အခြားအတိုက်အခံ ပါတီများမှ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ရွှေးကောက်ပွဲကို တရားမ၀င်ဖြစ်မှု၊ ထပ်ဆင်ပိုင် ရှင်းကော်ပိုရေးရှင်းကို စင်္ကာပူပိုင် Temasek Holdings ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသို့ အခွန်လွတ်ရောင်းချသည့် ကိစ္စအား ပြည်သူများ မကြေမနပ်မှုများ အားရုံပြောင်းသွားစေရန် ကြိုးပမ်းမှုအဖြစ် စွပ်စွဲခဲ့ကြပြီးနောက် ရွေးကောက်ပွဲတွင် ဝင်မပြိုင်ပဲ သပိတ်မှောက်ခဲ့သည်။

ရွေးကာက်ပွဲ မဲလိမ်မှုပြဿနာ
အဖွဲ့ဝင် ၁၁ ဦးပါ အချက်အလက် ရှာဖွေရေးအဖွဲ့က တင်သွင်းသည့် အမှုကို ၂၀၀၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပါတီငယ်များကို ရွေးကောက်ပွဲတွင် ပါဝင်လာရန် လာဘ်ထိုးမှုကြောင့် ထိုင်းရတ်ထိုင်းနှင့် အခြားပါတီ ၃ ခုလည်း ဖျက်သိမ်းခဲ့သော်လည်း ဒီမိုကရက်ပါတီမှာ ပါတီဖျက်ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သည်။

ပေါ်လစီ
၂၀၀၆ ဧပြီလ ၂၉ ရက်နေ့တွင် ဒီမိုကရက်ပါတီ နှစ်ပတ်လည် အစည်းအဝေးတွင် အဖိဆစ်က ၀န်ကြီးချုပ်ရာထူးအတွက် တင်သွင်းကြောင်း ကြေငြာခဲ့ပြီးနောက် ပညာရေးကဏ္ဍကို အထူးပြုတိုးတက်အောင် လုပ်မည်ဟု ပြောကြားသည်။

ထို့အပြင် ထပ်ဆင်က ပုဂ္ဂလိကပိုင် လွဲပြောင်းပေးခဲ့သော လူထု၏ အခြေခံလိုအပ်ချက်များဖြစ်သည့် မီး၊ ရေဖြန့်ဖြူးရေး စသည့် ကဏ္ဍများအား ပုဂ္ဂလိကသို့ လွဲပြောင်းခြင်း မပြုလုပ်ရန် တောင်းဆိုသည်။

ထပ်ဆင်အားလည်း ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ကို အခကြေးငွေမယူသော စီမံချက်အဖြစ် ပြုပြင်သွားရန် တိုက်တွန်းသည်။

ဒီမိုကရက်ပါတီ အမတ်များကိုလည်း မိမိပိုင်ပစ္စည်းများအား ကြေညာကြရန်အပြင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်မှုများကို ဖော်ပြရန် တိုက်တွန်းသည်။

ထိုပါတီနှစ်ပတ်လည်ပွဲတွင် ဘတ် သန်းနှစ်ရာကျော် ရံပုံငွေရရှိခဲ့ပြီး စွမ်းအင်ဆိုင်ရာ ပေါ်လစီ ကိစ္စများကို အရေးတယူ ဆွေးနွေးသွားသည်။

ဇူလိုင်လအတွင်းတွင်မူ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများအား ဖြေရှင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအပြင် မူလတန်းအဆင့်အတွက် အခမဲ့ပညာရေးစနစ်၊ ကျောင်းစာအုပ်များ၊ နို့အပြင် အခြား စားသောက်ဖွယ်ရာများ ဖြန့်ဖြူးပေးမှုနှင့် ပြည်သူတို့၏ အောက်ထစ်လုပ်ခ လစာများအား တိုးမြင့်သွားရန်တို့ ပါဝင်သည်။

စစ်တပ်အာဏာသိမ်းခြင်း
၂၀၀၆ စက်တင်ဘာ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် Abhisit Vejjajiva က အာဏာသိမ်းမှုကို သဘောမတူကြောင်းကို နိုင်ငံရေး လှုပ်ရှားမှုများကို ပိတ်ပင်တားဆီးမှု မပြုလုပ်မှီ နာရီပိုင်းတွင် ပြောဆိုခဲ့သည်။ သို့သော် အာဏာသိမ်းမှု အပြီးတွင် မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

စစ်တပ်၏ ဖွဲ့စည်းပုံဥပဒေအား ထောက်ခံခြင်းနှင့် ဒီဇင်ဘာ ၂၀၀၇ ရွှေးကောက်ပွဲ

Abhisit က အာဏာသိမ်းစစ်တပ် ဦးဆောင်ဖွဲ့စည်းသော ဖွဲ့စည်းပုံမူကြမ်းကို ထောက်ခံခဲ့သည်။ ဒီဇင်ဘာ ၂၀၀၇ ပါလီမန်ရွေးကာက်ပွဲတွင် ပြည်သူ့အင်အား ပါတီနှင့် အခြား ပါတီ ၆ ခုတို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့မှုကြောင့် တပါတီတည်းသော အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့သည်။ ၀န်ကြီးချုပ်ရာထူးအတွက် ဆမတ် ဆွန်ထော်ရဝေ့ခ်ျက ထောက်ခံမဲပေါင်း ၃၁၀ ရရှိခဲ့ပြီး အဖိဆစ်က ၁၆၃ မဲသာ ရရှိခဲ့သည်။

၂၀၀၈ ခုနှစ်
၂၀၀၈ ခုနှစ်တွင် တီဗီအစီအစဉ် တခုတွင် ဝန်ကြီးချုပ်ဖြစ်နေစဉ်အတွင်း အခကြေးငွေယူ၍ အစီအစဉ် ကြေညာသူအဖြစ် လုပ်ကိုင်ခဲ့သောကြောင့် ထိုင်းတရားရုံးက ဝန်ကြီးချုပ် စံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့သည့် အတွက် ရာထူးပြုတ်ကျသွားသည့် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ၏ ၀န်ကြီးချုပ်ရာထူးအတွက် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ရာတွင်လည်း အဖိဆစ်က ပြည်သူ့အင်အားပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင် ထပ်ဆင်၏ ယောက်ဖ ဆွမ်ချုင်း ဝုန်းဆဝတ် အား ရှုံးနိမ့်ခဲ့ပြန်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာ တရားရုံးက ပြည်သူ့အင်အား (ပီပီပီ) ပါတီ အပါအ၀င် ပါတီ ၃ ခုအား ရွေးကောက်ပွဲတွင် မဲလိမ်မှုကြောင့် ပါတီဖျက်သိမ်းခဲ့ကြရသည်။ ဝန်ကြီးချုပ် ဆွမ်ချိုင်းမှာလည်း ပါတီဗဟိုကော်မတီဝင် တဦး ဖြစ်သောကြောင့် ဝန်ကြီးချုပ်ရာထူးမှ ပြုတ်ကျသွားခဲ့သည်။

ပီပီပီ ပါတီသည် ဖျက်သိမ်းခံရပြီးနောက် ယခင် ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ပါတီအချို့မှ ထောက်ခံမဲ အလုံအလောက် ရရှိလိမ့်မည် မဟုတ်သည်ကို ခန့်မှန်းမိသည့်အတွက် ပါတီအားလုံး ပါဝင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဟု လိုက်လံစည်းရုံးခဲ့သော်လည်း မအောင်မြင်ပဲ ဒီမိုကရက်ပါတီအား ၀န်ကြီးချုပ်ရာထူး လက်လွတ်ပေးလိုက်ရသည်။

အဖိဆစ်သည် ယခင် ပီပီပီပါတီဝင် နေ၀င်းသူငယ်ချင်းများအဖွဲ့မှ အမတ်များအပါအ၀င် အခြားပါတီငယ်များကို လိုက်လံစည်းရုံးနိုင်ခဲ့ကာ ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ၂၃၅ မဲ ၁၉၈ မဲဖြင့် အနိုင်ရရှိခဲ့သည်။ သူသည် ထိုင်းနိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံးနှင့် ၂၇ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */