မြန်မာအစိုးရ တရားစီရင်ရေးစနစ်ကို ဖိနှိပ်ဖို့အသုံးချ

Sunday, December 21, 2008 ·

သတင်း VOA | မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းဖို့နဲ့ တရားဥပဒေအရ ခံစားခွင့်တွေ မရအောင်လို့ မြန်မာ စစ်အစိုးရဟာ တရားရေးစနစ်ကို အသုံးချပြီး လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုက ဝေဖန် ပြောဆို လိုက်ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ဘယ်လို ချုပ်နှောင် အကျဉ်းချတယ်၊ သူတို့ရဲ့ အကျိုးဆောင် ရှေ့နေ တွေကို ဘယ်လို နှိပ်ကွပ်တယ်ဆိုတာတွေကို မကြာသေးခင်ကမှ နိုင်ငံကနေထွက်ပြေးလာတဲ့ မြန်မာရှေ့နေ တဦးရဲ့ ထွက်ဆိုချက်တွေအရ သိရှိကြ ရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောလိုက်တာပါ။

သီတင်းပတ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရပြီးတဲ့နောက် အသက် ၂၈ နှစ်အရွယ် ရှေ့နေ ကိုစောကျော်ကျော်မင်း လွန်ခဲ့တဲ့ရက် အတော်ကြာက ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိလာခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အမှုသည်တွေက ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ တရားသူကြီးကို ကျောခိုင်း နေခဲ့ ကြတာကို သူက ၀င်တားဖို့ ပျက်ကွက်တယ် ဆိုပြီး ထောင်ဒဏ်ကျခံဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ ကိုစောကျော်ကျော်မင်းက လူ့အခွင့်အရေးအဖွဲ့ကို ပြောပြခဲ့ပါတယ်။ တရားရုံးကို မထေမဲ့မြင် လုပ်မှုနဲ့ ရှေ့နေကိုရော အမှုသည်တွေကိုပါ တရားသူကြီးက ထောင်ဒဏ်စီရင်ခဲ့တာပါ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */