သတင်း NEJ ခေတ်ပြိုင် | လှိုင်သာယာစက်မှုဇုန် (၂) တွင် ယနေ့နံနက် (၁၀) နာရီခန့်က မီးလောင်မှု ဖြစ်ပွားသည်။ အမှတ် (၁၅၇) ဗြဲဝန် ဦးအောင်သူလမ်းရှိ The Peak အမည်ရှိ “၀” ဥ အမှုန့်ကြိတ်စက်ရုံတွင် ဖြစ်ပွားရာ သိန်းထောင်ကျော်ဖိုးဆုံးရှုံး သွားသည်။
အမှုန့်ကြိတ်သည့်စက်မှာ ဘီးမလည်ဘဲနေရာမှ အပူလွန်ကာ လောင်ခြင်းဖြစ်သည်ဟု သိရသည်။ ဘီးမလည်ခြင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်မရရှိသဖြင့် လျှပ်စစ်ဓာတ်အား မနိုင်၍ဖြစ်ကြောင်း စက်မှုဇုန် (၂) ၏ လုပ်ငန်းရှင်တဦးက ပြောသည်။
“မီးကပြတ်တော့ ကိုယ်ပိုင်ထရန်စဖော်မာနဲ့ စက်တွေလည်ရတယ်။ သူတို့ရဲ့ လျှပ်စစ်က ရပြန်တော့ မီးအားမနိုင်၊ ဘာပဲလုပ်လုပ် ရှော့ခ်ရှိနိုင်တာပဲ။ စိတ်ချလို့ မရတော့ဘူး” ဟု အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တဦးက ပြောသည်။
လှိုင်သာယာမြို့နယ် အာဏာပိုင်တဦးက “ကိုယ်လုပ်နေတဲ့အလုပ်ကို သေသေချာချာ စစ်ဆေးနေဖို့လိုတယ်။ စက်လည်နေတာကို လည်နေတာပဲဆိုပြီး ဒီအတိုင်း လက်မလွှတ်ထားသင့်ဘူး။ လူတွေက ပေါ့ကို ပေါ့တယ်” ဟု ဆိုသည်။
အမှုန့်ကြိတ်စက်ရုံတွင် ပုံသေ၀န်ထမ်း (၅၀) ကျော်ရှိပြီး အဆိုပါအမှုန့်ကြိတ်စက်ကို မှီခို နေထိုင်ကြသူချည်း ဖြစ်ကြောင်း၊ စက်ပြန်လည်ပတ်နိုင်ရန် လ၀က်ခန့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် စက်ရုံ (၅၀'x ၂၀၀') RC သွပ်မိုး တထပ်အဆောက်အအုံတလုံးနှင့် အမှုန့်ကြိတ်စက်၊ “၀” ဥ ကုန်ကြမ်းအိတ်များ၊ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်းထောင်ကျော် ဆုံးရှုံးခဲ့သည်။
လှိုင်သာယာမှာ ယနေ့ထပ်လောင် သိန်းထောင်ကျော်ဆုံးရှုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment