အိမ်မဲလယ်သမားများ ပုဂ္ဂလိက မြေသြဇာဖိုးမပေးနိုင်

Thursday, December 25, 2008 ·

သတင်း မြင့်မိုးဇော် ခေတ်ပြိုင် | ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီက အာဏာပိုင်များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင်းရှိ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေ အဓမ္မ လိုက်လံ ကောက်ခံ နေခြင်းကြောင့် လယ်သမားများ အခက်ခဲနှင့် ကြုံနေကြရကြောင်း စုံးစမ်းသိရသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးစိုက်ပျိုးချိန်က ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီမှ ၎င်းတို့ကုမ္ပဏီမှထုပ်လုပ်သည့် ဓာတ်မြေ သြဇာ များအား ဧရာဝတီတိုင်း အိမ်မဲမြို့နယ်အတွင်းရှိ တိုက်နယ်များမှ ရွာများဖြစ်ကြသော သီးကွင်း ကျေးရွာအုပ်စု၊ တပေါင်းကျေးရွာအုပ်စုတို့မှ လယ်သမားများအား ရွှေသီးနှံကုမ္ပဏီတာဝန်ခံ ဦးမြကြီးက ၎င်းတို့ ကုမ္ပဏီက ထုပ်လုပ်သော ဓာတ်မြေသြဇာများကို လယ်သမားများအား စမ်းသပ်သုံးကြည့်စေခဲ့သည်။ သီးနှံ အထွက်တိုးရန် အာမခံသည့်အပြင် အထွက်မတိုးပါက ဓာတ်မြေသြဇာဖိုး ပေးရန်မလိုဆိုသည့် အာမခံချက်ဖြင့် လယ်သမားများအား ရောင်းချခဲ့သည်ဟု လယ်သမားများက ပြောသည်။

ယခုအခါ သီးနှံများမှာ အထွက်နှုန်းတိုးမလာဘဲ ကျဆင်းခဲ့သောကြောင့် လယ်သမားများအနေဖြင့် ၎င်းတို့ ၀ယ်ယူထားသော ဓာတ်မြေ သြဇာတန်ဖိုးငွေကို ပေးသွင်းနိုင်ခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။

သို့သော် ၎င်းရွှေသီးနှံကုမ္ပဏီတာဝန်ခံဦးမြကြီးက ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းကာ တောင်သူ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေများကို အတင်းအဓမ္မလိုက်လံကောက်ခံခဲ့သဖြင့် လယ်သမားများ အခက်တွေ့နေရသည်။

အဆိုပါကိစ္စအား အတည်ပြုနိုင်ရေးအတွက် ရွှေသီးနှံကုမ္ပဏီတာဝန်ခံအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရဘဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် အိမ်မဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ကြီး အား မေးမြန်းခဲ့ရာ ၎င်းကိစ္စမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်သူ လယ်သမားများ အနေဖြင့် အဆိုပါကိစ္စအား မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထံသို့လည်း အသိပေး တိုင်ကြားစာ ပို့ထားကြောင်း ပြောကြားခဲ့သည်။

ယခုအခါတွင် အိမ်မဲမြို့ နယ်အတွင်း တိုက်နယ်များမှ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ ၀ယ်ယူ ထားသည့် ဓာတ်မြေသြဇာဖိုး ကျသင့်ငွေများ ပေးသွင်းနိုင်ခြင်းမရှိသည့်အတွက် မည်သည့်နေ့တွင် အဖမ်းခံရတော့မည် ဟု စိုးရိမ်နေကြကြောင်း သိရှိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */