သတင်း NEJ ခေတ်ပြိုင် | ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းအား သောကြာနေ့က နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပြီဖြစ်သည်။
![]() ဓါတ်ပုံ မိုးမခ |
ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းသည် ၁၉၈၈ အရေးအခင်းတွင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူတဦးဟု အစွပ်စွဲခံခဲ့ရပြီး တချိန်က မဆလအရာရှိကြီးများ ဦးနေ၀င်းနှင့်တွေ့ဆုံရန်မှာ ဒေါ်ခင်စန္ဒာဝင်းခွင့်ပြုမှ တွေ့ခွင့်ရသည်ဟုပင် နိုင်ငံခြား စာနယ်ဇင်းများက ရေးခဲ့သည်။
ဦးအေးဇော်ဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်းဖို့ ကြံစည်မှုဖြင့် ၂၀၀၂ ခု စက်တင်ဘာ ၂၆ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးမှ စီရင်ချက်ချခဲ့သည်။ သေဒဏ်အမိန့်ချပြီး အယူခံမ၀င်ဘူးဟု ဦးအေးဇော်ဝင်းက ပြောခဲ့သည်။ သို့သော် ဦးအေးဇော်ဝင်းနှင့် သားသုံးဦးကို သေဒဏ်မပေးဘဲ ယခုထိ အင်းစိန်ထောင်တွင် ချုပ်နှောင် ထားသည်ဟု ယုံကြည်ရသည်။
ထူးခြားသည့်အချက်မှာ ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်အမှုအတွက် ရှေ့နေငှားမရဆိုသည့် သတင်းများ ထိုအချိန်ကထွက်ပေါ်ခဲ့သော်လည်း ဦးအေးဇော်ဝင်းကိုယ်တိုင်က ရှေ့နေမငှားခဲ့ကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်း က ပြောခဲ့သည်။









0 comments:
Post a Comment