ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်

Sunday, December 14, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ ခေါ် မောင် တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲ ဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့ အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင် တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာ ကြောင့်သွားတယ်၊ ဘယ်သူနဲ့သွားတယ် ဆိုတာ ကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီးဆရာမနော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းစောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိကရင်အမျိုးသမီးအစည်းအရုံး (KWO) အဖွဲ့တွင် ဥက္ကဌဖြစ်သည်။

ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */