သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကံထွန်းသည် ထောင်အတွင်း ကိုယ်ခန္ဓာတခြမ်း လေဖြတ်သွားကြောင်း ပါတီအသိုင်းအ၀ိုင်း ပြောဆိုချက်အရ သိရသည်။
မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် ၁၂ ကျခံနေရသည့် အသက် ၆၇ နှစ်အရွယ် ဦးကံထွန်းထံ ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိသားစုဝင်များမှတဆင့် သူ့ကျန်းမာရေး အခြေအနေကို သိရှိကြရခြင်း ဖြစ်သည်။
"ဦးကံထွန်း အခြေအနေက ကိုယ်တခြမ်း သေသွားတာတဲ့။ အဲဒါ စကားလည်း မပြောနိုင်ဘူး။ Wheel chair နဲ့ သယ်လာတာတဲ့။ ညာဘက်လက် တခြမ်းလုံး။ ခြေထောက်ရော၊ လက်ရော ဖြစ်နေတာ။ စကား မပြောနိုင်တဲ့ အနေအထားအထိ ဖြစ်သွားတာ" ဟု မန္တလေးတိုင်း ပါတီဝင်များနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။
ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဦးကံထွန်း လေဖြတ် သွားခြင်းကို အတည်ပြု ပြောကြားသည်။
"ကျနော့်ကို မန္တလေးတိုင်းဘက်က သတင်းပေးတာကတော့ ကိုယ်တခြမ်း သေတယ်တဲ့။ အဲဒါ ဆေးကုဖို့လည်း ထောင်က ကူညီပေးနေတယ်။ ဆေးကုနေတယ်တဲ့။ အဲဒီလို ပြောပါတယ်။ ကိုယ်တခြမ်းသေတယ်၊ လမ်းမလျှောက် နိုင်တော့ဘူး။ အစားအသောက်လည်း ခွံ့ကျွေးရတယ်တဲ့ အဲဒီလို ပြောပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
အိုးဘိုထောင်အတွင်း အကျဉ်းခံနေရသော တိုင်းစည်းအဖွဲ့ဝင် ၆ ဦးအနက် ဦးကံထွန်းမှလွဲ၍ ကျန်သူများမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိသည်။
သူတို့အားလုံးကို ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားစဉ် ဖမ်းဆီးခဲ့ပြီး၊ ယခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထောင်ဒဏ် အနည်းဆုံး ၈ နှစ်မှ ၁၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်တွင်း၌ ကိုယ်တခြမ်း လေဖြတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment