ထောင်ထဲကစာ အပြင်ထုတ်သူကို ၉ နှစ် ထောင်ချ

Thursday, December 18, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင်ထဲမှစာကို အပြင်ဘက်သို့ ရောက်အောင် ထုတ်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ကိုမာကီ၏ ညီဝမ်းကွဲ တော်စပ်သူ ကိုဇော်နိုင်ထွေးအား အင်းစိန်မြို့နယ် တရားရုံး တခုက လာဘ်ပေးလာဘ်ယူ ပြစ်မှုဖြင့် ယမန်နေ့က ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်သည်။

လွန်ခဲ့သည့် ၉ လခန့်က အကိုဖြစ်သူ ကိုမာကီထံ ခေါ် ကိုကျော်ကျော်ထွေးကို ထောင်ဝင်စာတွေ့ပြီး ထောင် ၀န်ထမ်းများနှင့် ပူးပေါင်းကာ ကိုမာကီက ထောင်ပြင်ပသို့ ပေးပို့သော စာကို စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က သိရှိသွားပြီးနောက် တရားစွဲဆိုခဲ့ရာမှ ယခုလို ထောင်ချခံရခြင်း ဖြစ်သည်။

"အဲဒီစာကို ၀န်ထမ်းနဲ့ ချိတ်ပြီးတော့ အပြင်ထုတ်တာပေါ့နော်။ အဲဒီဝန်ထမ်းကို ကိုမာကီက ပေးထားလိုက်တဲ့ အချိန်မှာ စရဖက ဖမ်းလိုက်တာ။ မိသွားတော့ ကိုမာကီလည်း အဲဒီတုန်းက တိုက်တလ အပိတ်ခံရတယ်။ ပြီးတော့ ဒီဝန်ထမ်းနဲ့ ပြန်မျှားပြီးတော့၊ ကိုမာကီရဲ့ ညီကို ၀န်ထမ်းနဲ့ တနေရာမှာ ချိန်းပြီးတော့ ပေးတဲ့အချိန်မှာ စရဖ တပ်ဖွဲ့ဝင်တွေက ကောက်ဖမ်းလိုက်တာ" ဟု မိသားစုဝင်တဦးနှင့် စကားပြောခွင့် ရရှိခဲ့သူက မဇ္ဈိမကို ပြောသည်။

ကိုမာကီက ထောင်ပြင်ပသို့ ပေးပို့သည့်စာတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို မသိရပါ။

ကိုဇော်နိုင်ထွေး၏ အမှုတွဲ၌ ပါဝင်သူ ထောင်ဝန်ထမ်း ၃ ဦးလည်း ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရသည်။

လာဘ်ပေးလာဘ်ယူ ဥပဒေပုဒ်မ ၄၁ (ဂ)၊ ၄၂ ဖြင့် စွဲဆိုပြစ်ဒဏ်ချသည့် ယခုအမှုအတွက် လူငယ်ရှေ့နေ ကိုဖိုးဖြူက လိုက်လံအကျိုးဆောင်ပေးကာ အယူခံတက်သွားမည်ဟု သိရသည်။

ကိုမာကီသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား အကြောင်းပြချက် မပါရှိဘဲ အာဏာပိုင်များ၏ ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည်။ သူ့ကို ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အခြား ကျောင်းသားခေါင်းဆောင်များ နည်းတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

ယခုအခါ သူသည် တနင်္သာရီတိုင်း မြိတ် အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */