ဒေါ်စုကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် လျာထား

Tuesday, December 23, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်သည်။

ကမ္ဘာတ၀ှမ်းမှ လက်ရှိ တာဝန် ထမ်းဆောင်နေဆဲနှင့် တာဝန်များ ထမ်းဆောင်ခဲ့သော အမျိုးသမီး ခေါင်းဆောင် ၃၇ ဦးနှင့် ဖွဲ့စည်းထားသော ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ (The Council of Women World Leaders) က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီဝင်အဖြစ် ခန့်အပ်ရန် ရွေးချယ်မည့် အမည်စာရင်းတွင် ဒီဇင်ဘာ ၂၀ ရက်နေ့က အဆိုပြု တင်သွင်းလိုက်ခြင်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးကို အလေးထားရန် ကြိုးပမ်းမှုနှင့် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုတွင် တမူထူးခြားသော ခေါင်းဆောင်မှုကြောင့် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ၏ ဂုဏ်ထူးဆောင် ကောင်စီဝင်အဖြစ် လက်ခံရန် လျာထားခြင်း ဖြစ်သည်" ဟု ကောင်စီ၏ ကြေညာချက်တွင် ရေးသားထားသည်။

ဤကောင်စီသည် ကမ္ဘာတ၀ှမ်းမှ အမျိုးသမီး ခေါင်းဆောင်များကို စွမ်းရည်မြှင့်တင်ပြီး အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုကို အဆုံးသတ်ရန်နှင့် တိုင်းပြည်များတွင်း၌ ဒီမိုကရေစီရေးအတွက် ဦးဆောင်နေသည့် အမျိုးသမီး ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စွမ်းရည်များဖြင့် အစိုးရကောင်းများ ပေါ်ပေါက်လာစေရန် ထောက်ပံ့ ကူညီနေသည့် နိုင်ငံတကာ ကွန်ယက်တခု ဖြစ်သည်။

"ကျနော်တို့ ဂွါနာနိုင်ငံက နှစ်များစွာကတည်းက အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ကို တောင်းဆိုခဲ့တယ်။ သူတို့ကို အစောဆုံးပြန်လွှတ်ဖို့ သိပ်ကို မျှော်လင့်ခဲ့ကြတယ်" ဟု ကောင်စီ အဖွဲ့ဝင်ဖြစ်သည့် ဂွါနာ သမ္မတဟောင်း ဂျဲနက် ဂျေဂန် (Janet Jagan) ၏ ပြောဆိုချက်ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

တာဝန်ထမ်းဆောင်ဆဲ အမျိုးသမီး ခေါင်းဆောင်များဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ မစ္စ ဂလိုရီယာ အာရိုယို (Gloria Macapagal-Arroyo) အပါအ၀င် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင် ၃၇ ဦး ပါဝင်သော အဆိုပါ ကောင်စီ၏ လက်ရှိ ဥက္ကဋ္ဌမှာ အိုင်ယာလန်သမ္မတဟောင်း မေရီရော်ဘင်ဆင် ဖြစ်သည်။

ပြင်သစ်နိုင်ငံ ၀န်ကြီးချုပ်အဖြစ် (၁၉၉၁ - ၁၉၉၂ ခုနှစ်) တာဝန်ယူခဲ့သူ Edit Cresson က "အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ကမ္ဘာ့အမျိုးသမီးများ ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပါတယ်" ဟု ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */