စစ်အစိုးရ ကြိုရေးတာဖတ်ရသည့် ကျေးဇူးတင်စကား

Tuesday, December 23, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပသည့် ယခုနှစ် (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရသူအား ကျေးဇူးတင်စကားပြောရန်အတွက် ကြိုတင် ရိုက်ထားသည့် စာကိုသာ အာဏာပိုင်များက ဖတ်ခိုင်းသည်။

ပြိုင်ပွဲဝင်များအနက် ဆုရသူများထဲမှ တဦးက ကျေးဇူးတင်စကားပြောရမည်ကို ကြိုတင်၍ ဝေငှထားခြင်း ဖြစ်သည်။

“အစိုးရပွဲကတော့ ရယ်ဒီမိတ်ပဲဗျ။ စကားပြောတယ်ဆိုတာ ကြိုတင်ဝေငှတာကို ကြည့်ဖတ်ရတာမျိုး မဖြစ်သင့်ဘူး။ ပြောချင်သူရဲ့ တကယ့်စိတ်ဆန္ဒကို ပြောခိုင်းသင့်တယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ် တစောင်၏ အယ်ဒီတာတဦးက ပြောသည်။

ပြည်တွင်းသတင်းထောက်တဦးကလည်း “ကျနော် အဲဒီအခမ်းအနားကို သွားတက်တာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း လာတာ တွေ့တယ်။ အခမ်းအနားပွဲ လာသူတွေအားလုံးတော့ အစိုးရလူတွေမဟုတ်ဘူး။ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်တယောက် တွေ့တယ်ဗျ။ အခုလည်း အသင့် ဝေငှထားတဲ့ မိန့်ခွန်းတွေကို ရတာနဲ့ သူတို့အခမ်းအနား မပြီးခင် ကျနော်ပြန်ခဲ့တယ်” ဟု ပြောသည်။

“မြန်မာပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်နေတဲ့စိတ်တွေကို ဒီလို အလှဓာတ်ပုံတွေ တင်ပြနေရုံနဲ့ ပြောင်းလဲ လာမယ်လို့ ကလေးအတွေးတွေးပြီး ပြောတာဗျ။ အပြင်မှာ ခေတ်မီနေပြီလား၊ ဓာတ်ပုံထဲက အတိုင်းလား၊ ပြိုင်ပွဲက “အေးချမ်းခေတ်မီ မြန်မာပြည်” တဲ့ ကဲတွက်သာကြည့်တော့” ဟု အနှစ် (၃၀) ၀န်းကျင်ရှိ ဓာတ်ပုံပညာရှင်တဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် သတင်းစာရှင်းလင်းပွဲ အတော်များများ၌လည်း ပြည်တွင်းသတင်းစာဆရာများအား မေးမည့်မေးခွန်းကို ကြိုတင်ဝေငှထားလေ့ ရှိသည်ဟု ရန်ကုန်နိုင်ငံခြားသတင်းထောက်တဦးက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */