ထောင်ဒဏ် (၆၅) နှစ်ကျ မမီးမီးကို ပုသိမ်ထောင်ပို့

Tuesday, December 16, 2008 ·

သတင်း မြင့်မိုးဇော် ခေတ်ပြိုင် | ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ လိုက်သည်ဟု မမီးမီး၏ ခင်ပွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့်အပတ်တွင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လည်ရောက်ရှိလာသူ မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ပထမဆုံးအကြိမ်မို့လို့လားမသိဘူး အားလုံး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ရောက်သွား တော့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ပြီးတော့ မမီးမီးနဲ့ပတ်သက်ပြီး စိတ်မပူဖို့နဲ့ စည်းကမ်းဥပဒေဘောင်ထဲကနေပြီး ပေးနိုင်တဲ့အကူအညီကိုပေးမှာ ဖြစ်ကြောင်း ပြောပြကြပါတယ်” ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မမီးမီး (ခ) မသင်းသင်းအေးမှာ ၁၉၉၆ ခုနှစ်ကလည်း ယခုကဲ့သို့ အာဏာပိုင်များက မတရားဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ရသည်။ ၂၀၀၅ ခုတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကိုမင်းကိုနိုင်အပါအ၀င် အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုခံစားနေရသော မတရားမှုများကို ရှေ့တန်းမှ ရပ်ကာ စစ်အစိုးရကို တိုက်ပွဲဝင်နေသူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ် ထောင်မှ ပြန်လွတ်လာစဉ်ကပင် သူမတွင် လေးဘက်နာရောဂါကို ခံစားနေခဲ့ရသည်ဟု သိရသည်။

ပုသိမ်မြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ ပြီး ပြန်ရောက်ရှိလာသူ သူမ၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက “ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်သူ့ကို စိတ်ပူပါတယ်။ မီးမီးမှာ လေးဘက်နာလည်းရှိတယ်။ အခုဆိုရင် အရိုးကျီးပေါင်းတက်တဲ့ ရောဂါလည်းရှိတယ်လို့သိရတော့ နည်းနည်းတော့စိတ်ပူတာပေါ့။ ခုကာလက ဆောင်းတွင်းလည်းဖြစ်ပြန်၊ ပုသိမ်မြို့ကလည်း အေးတယ်ဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်ပါတယ်။ အရိုး ကျီးပေါင်းတက်တဲ့ ရောဂါက သူအပြင်မှာတုန်းကတော့ မရှိဘူးဗျ။ သူ အင်းစိန်ထောင်မှာ အချုပ်ခံနေစဉ် ကာလမှာ စဖြစ်တာပါ။ အခုလည်း သူအနေနဲ့ အဲဒီရောဂါတွေနဲ့ပတ်သက်တဲ့ဆေးတွေကို မှာလိုက်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကိုလှမိုးကဆက်လက်၍ “ကျန်တာတော့ သိပ်ပြီးစိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ မီးမီးက အတွေ့အကြုံ ရှိပြီးသားလေ။ နောက်ပြီး ဒီအမှု (နိုင်ငံရေး) ဆိုတာမျိုးက အချိန်မရွေးပြောင်းလဲနိုင်တာလေ။ မနက်ဖြန်၊ သန်ဘက်ခါလည်း ပြန်လွတ်နိုင်တာပဲလေ” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး (ခ) မီးမီးသည် အာဏာပိုင်အစိုးရ၏
မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသူဖြစ်သည်။ စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချလိုက်ချိန်တွင် သူမတွင် သမီး (၁) ယောက်၊ သား (၁) ယောက် ကျန်ရှိခဲ့သည်ဟု သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */