သတင်း NEJ ခေတ်ပြိုင် | မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်၏ အရာထမ်းတဦးက ပြောသည်။
“ဒီနှစ်ပတ်လည်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် (၁၀) နှစ်ပြည့်တယ်ဆိုတော့ ထူးခြားမှုတွေပါ ပြုလုပ်မယ်။ လူထု ဖြေဖျော်ရေးပါမယ်၊ ရေချို၊ ရေငန်ငါး ဈေးအရောင်းပွဲတော်ပါမယ်။ ဒီနှစ် ထူးခြားမှုအနေနဲ့ ငါးလုပ်ငန်း ဖွံ့ဖြိုးရေး စာတမ်းတွေကို ဖတ်မယ်။ ဒါကြောင့် ထူးခြားမှုတွေ ဖြစ်မှာမို့လို့ လုံခြုံရေးတွေကို အရင်နှစ်တွေ ကထက်နဲ့ မတူအောင် ချထားဖို့ ၀န်ကြီးက ညွှန်ကြားတာပါ” ဟု အဆိုပါ အရာထမ်းက ပြောသည်။
အဆိုပါနှစ်ပတ်လည်ပွဲကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။
ပွဲတော် ကျင်းပပြုလုပ်ရေးကို စည်ကားစွာ ကျင်းပသွားမည့်အကြောင်းကို ပြည်တွင်းသတင်းဂျာနယ်များအား တရားဝင်သတင်းပေးထားသော်လည်း လုံခြုံရေး တင်းကျပ်စွာ ချမည့်အကြောင်းကို သတင်းများတွင် အဓိက ဖော်ပြ၍ မရေးသားကြရန် ငါးလုပ်ငန်းအဖွဲ့ချုပ် အရာရှိတဦးက သတိပေးထားသည်။
မွေးမြူရေး အစားအစာရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ဒီလိုမျိုး နှစ်ပတ်လည်ပွဲဆိုတာ သူတို့ဌာနက လုပ်နေကျပဲ။ ထူးထူးခြားခြား ဖြစ်မယ့် လူထုဖျော်ဖြေရေးတွေ ပါလာမှာဖြစ်လို့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချမယ်ထင်ပါတယ်။ အမှန်ကတော့ အဲဒီလောက်ထိ မလိုပါဘူး။ ဒါက လူထုကို လာစေချင်လို့ ဖျော်ဖြေရေး ပါဝင်မယ့်ကိစ္စပဲ။ ပြီးတော့ လုပ်ငန်းရှင်တွေအတွက် ငါးအမျိုးစုံကို ပြသရောင်းချခွင့်ရမယ့် ဈေးကွက် ရှာဖွေရေး ပွဲပဲလေ။ လုံခြုံရေးချတာကို လက်ခံပါတယ်။ ဒါပေမယ့် လာတဲ့လူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုး မဖြစ်သင့်ဘူး” ဟု သူ၏အမြင်ကို ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့၏ တာဝန်ရှိသူတဦးက “မွေးမြူရေးနှင့် ရေးလုပ်ငန်းအတွက် ဒီနှစ်ကျင်းပမယ့် နှစ်ပတ်လည်ဟာ မှတ်တမ်းတခု ထင်ကျန်စေရပါမယ်” ဟု ပွဲပြုလုပ်ရေးအတွက် အစည်ကားဆုံး ဖြစ်စေရန် ဆောင်ရွက်ထားမှုကို အနှစ်ချုပ်ပြောပြသည်။
ငါးလုပ်ငန်းအဖွဲ့ချုပ် (၁၀) နှစ်ပြည့်ပွဲ ကျင်းပမည် လုံခြုံရေးတင်းကျပ်ဟု သတင်းမရေးရန် သတိပေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment