လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်

Tuesday, December 23, 2008 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေး အရေးပေါ် စောင့်ရှောက်မှု အညံ့ဖျင်းဆုံး နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး စောင့်ရှောက်မှု ညံ့ဖျင်းသည်ဟု ဆိုရာတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများဖြစ်ကြသော ကွန်ဂို၊ ဆိုမာလီ၊ အီရတ်၊ ဆူဒန်၊ ပါကစ္စတန်နိုင်ငံများနှင့် တန်းတူ မြန်မာနိုင်ငံက လိုက်ပါနေသည်ဟု အမ်အက်စ်အက်ဖ် က ဆိုသည်။

အမ်အက်စ်အက်ဖ်အနေနှင့် ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုအနည်းပါးဆုံး၊ လုံခြုံမှုအကင်းမဲ့ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံကို ၁၉၉၈ ခုနှစ်မှစတင် ကြေညာလာခဲ့ရာ ယခုအခါ ၁၁ ကြိမ်မြောက်ကြေညာခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် တနှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက် အခံရဆုံး ၁၀ နိုင်ငံကို အမ်အက်စ်အက်ဖ်က တနင်္ဂနွေနေ့ က ထုတ်ဖော်ကြေညာခဲ့ရာတွင် “မြန်မာနိုင်ငံနဲ့ ဇင်ဘာဘွေလို နိုင်ငံတွေမှာ အစိုးရက ကျန်းမာရေး ကို ဦးစားပေး စောင့်ရှောက်ဖို့ ပျက်ကွက်ရုံမကဘူး ကြားဝင်ဆောင်ရွက်ပေးမယ့် အန်ဂျီအို တွေကိုလည်း မသင်္ကာဘူး။ လူ့အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေမှာလည်း ကန့်သတ်ချက်တွေကြားက လုပ်ဆောင် နေရတာ တွေ့ရတယ်” ဟု ဖော်ပြပါရှိသည်။

မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော ခုခံအားကျဆင်းသည့် ဝေဒနာ ခံစားနေရသူတို့မှာ ဆေးကုသခွင့် ကင်းမဲ့လျှက် သေဆုံးနေရသော်လည်း စစ်အစိုးရအနေနှင့် ၎င်းဝေဒနာသည်တို့ကို ပါဝင်ကူညီမှု အလွန်ပင် နည်းပါးလျှက်ရှိကြောင်း အမ်အက်စ်အက်ဖ်က ဖြည့်စွက်ပြောကြားသည်။

“ပဋိပက္ခကြောင့်၊ စစ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရတဲ့၊ လျစ်လျှူရှုခံနေရတဲ့၊ တကယ့်ကို အရေးပေါ်လိုအပ်နေတဲ့ သန်းပေါင်းများစွာ သော လူတွေကို ဦးစားပေးကူညီနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာရင်း ထုတ်ပြန်တာပါ” ဟု အပြည်ပြည်ဆိုင်ရာ အမ်အက်စ်အက်ဖ် ဥက္ကဌ ဒေါက်တာ ခရစ္စတိုဖီ ဖိုနီးယားက ပြောသည်။

၎င်းအဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု ကပ်ဘေး ကြီး ၂ ခုကို ခံစားခဲ့ရသည်ဟုဆိုသည်။ ယင်းကပ်ဘေးကြီး ၂ ခုမှာ လူပေါင်း ၁၃၀၀၀၀ ကျော် ပျောက်ပျက် သေဆုံးရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးနှင့် ဆေးကုသမှု ကင်းမဲ့ကာ သေဆုံးနေရသည့် HIV/ AIDS ဝေဒနာ ကပ်ဘေးတို့ ဖြစ်သည်။

“စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စပြီး မြန်မာနိုင်ငံက ပဋိပက္ခပေါင်းများစွာ ကြုံတွေ့ခံစား ခဲ့ရပါတယ်။ အဲဒီထဲကမှ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကတော့ ပြင်ပကမ္ဘာက မေ့လျော့ခံထားရတဲ့ မြန်မာ ပြည်သူတွေ အတွက် နောက်ဆုံးခံရတဲ့ ကပ်ဘေးတခုပါ။ ဝမ်းနည်းစရာကောင်းတာက ဒီဒဏ်တွေကို အားအနည်းဆုံး ဆိုတဲ့ မြန်မာပြည်သူတွေက ခံစားနေရတာပါပဲ” ဟု အမ်အက်စ်အက်ဖ်က ဆိုသည်။

အမ်အက်စ်အက်ဖ်၏ အဆိုအရ မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေး အရေးပေါ်လိုအပ်နေသည့် HIV/AIDS ဝေဒနာရှင် ၇ သောင်းခွဲကျော် ရှိနေပြီး ၎င်းတို့ထဲမှာ ၂၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူခွင့်ရသည်ဟု သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */