သတင်း NEJ ခေတ်ပြိုင် | မြန်မာစစ်အစိုးရသည် စစ်တိုင်းမှူး (၃) ဦးအား ၎င်းတို့နယ်မြေများ၌ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်းများကို စစ်အစိုးရ ကိုယ်စား စီမံခန့်ခွဲအုပ်ချုပ်နိုင်ရန်အတွက်ဆိုပြီး နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ဌာနလက်ကိုင် မရှိသည့် ပြည်နယ်တိုင်း ၀န်ကြီးများ အဖြစ် ခန့်အပ်လိုက်သည်။
ဌာနလက်ကိုင်မရှိသည့် ပြည်နယ်တိုင်းဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ၀န်ကြီး (၃) ဦးမှာ (မန္တလေး) လပခတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ (ပုသိမ်) နတခတိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် (မုံရွာ) နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ ဖြစ်သည်ဟု နိုဝင်ဘာ (၂၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။
ထိုအမိန့်စာကို နအဖအတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု အမိန့်စာ ဖတ်ရှုရသည့် နေပြည်တော် အရာရှိများက ပြောသည်။
ပုသိမ်အခြေစိုက် လပခ တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကို နိုဝင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ကြီးခန့်အပ်ခြင်းဖြစ်ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေကို နိုဝင်ဘာ (၇) ရက်နှင့် နမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးကို နိုဝင်ဘာ (၁၄) ရက်နေ့စွဲအသီးသီးဖြင့် ၀န်ကြီးများ ခန့်အပ်ခဲ့သည်။ ၀န်ကြီးခန့်သည့် အမိန့်စာပါ အဆိုပါ တိုင်းမှူး (၃) ဦး၏ ရာထူးများကို မူလ ဗိုလ်မှူးချုပ်ရာထူးဖြင့် မဟုတ်ဘဲ ဗိုလ်ချုပ်ရာထူးတိုးပြီး ၀န်ကြီးပေးခဲ့ခြင်းဖြစ်သည်။
စစ်တိုင်းမှူးများကို ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများ ခန့်အပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တပ်ထဲမှ ပထုတ်လိုသည့် အရာရှိအချို့ကို အချိုသပ် ဘေးထုတ် လိုက်ခြင်း ဖြစ်နိုင်သလို အရပ်ဘက်အုပ်ချုပ်ရေးကို အဆိုပါစစ်တိုင်းမှူးများနှင့် စမ်းသပ်ခြင်း လည်းဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံခြား သတင်းထောက် အချို့က ယူဆသည်။
အဆိုပါ တိုင်းမှူးများအား ဌာနလက်ကိုင်မရှိသည့် ပြည်နယ်နှင့်တိုင်းအလိုက် ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်းကို မည်သည့် အတွက် တိုင်းပြည်သို့ မကြေညာသေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
စစ်တိုင်းမှူး (၃) ဦးကို ပြည်နယ်တိုင်း ၀န်ကြီးများအဖြစ် ထူးထူးခြားခြားခန့်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment