အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖြန့်ဖြူးရေးလုပ်ငန်း ဦးတေဇအား ပေးတော့မည်

Wednesday, December 17, 2008 ·

သတင်း မြင့်မိုးဇော် ခေတ်ပြိုင် | ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နှီးစပ်သူဟု နာမည်ကြီးနေသည့် Air Bagan လေကြောင်း လိုင်းပိုင်ရှင် ဦးတေဇသည် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဖြန့်ဖြူးရေးအပိုင်းအား ၂၀၁၀ တွင် ၀ယ်ယူမည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ EPC မှ ၀န်ထမ်းတဦးက “၂၀၁၀ မှာ ဦးတေဇက အမှတ် (၂) လျှပ်စစ်စွမ်းအား ဌာနကို ၀ယ်မယ်ပေါ့နော်။ ၀ယ်ပြီးရင် လူဟောင်းတွေ အကုန်ဖြုတ်ပြီး လူငယ် လူသစ်တွေနဲ့ အစားထိုးမယ်လို့ ပြောတယ်။ အရင်လူဟောင်းထဲက လူငယ်တွေက စာမေးပွဲပြန်ဖြေ၊ လူတွေ့စစ်တာတွေ လုပ်ပြီး အောင်မှ အလုပ်ပြန်ရမယ်တဲ့။ အဲဒီအခါကျရင် (၁) သိန်းခွဲလောက် ရမယ်ကြားတယ်။ ခုရတာက (၂၇,၀၀၀) ပဲရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း ၂၀၁၀ တွင် စတင်မည်ဖြစ်သော်လည်း စမ်းသပ်ကာလအနေဖြင့် လာမည့်နှစ် ၂၀၀၉ ထဲ၌ မြို့နယ် အချို့ကို စမ်းသပ်ပြီး လျှပ်စစ်ဖြန့်ဖြူးလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း EPC ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “၂၀၀၉ မှာ သူကစမှာဗျ။ ဘယ်လိုစမလဲဆိုတော့ သူ (ဦးတေဇ) က ရှုံးမလား၊ မြတ်မလား သိချင်တော့ အရင်ဆုံး သူက downtown (၆) မြို့နယ်ရယ်၊ ရွှေပြည်သာ၊ ဒဂုံ၊ လှိုင်သာယာတို့လို စက်မှုဇုန်ရှိတဲ့ မြို့နယ် တွေကို အရင်ဝယ်ပြီး အရှုံးအမြတ်တွက်ဦးမှာဗျ။ ပြီးမှ ၂၀၁၀ မှာ အပြီးသတ်ဝယ်မှာပေါ့နော်” ဟု ပြောသည်။

ထိုသို့ မြန်မာ့လျှပ်စစ်စွမ်းအားဌာနဖြန့်ဖြူးရေးအပိုင်းကို ဦးတေဇ၀ယ်ယူပြီးနောက် လက်ရှိအစိုးရအမှုထမ်း ၀န်ထမ်းများ ကြုံတွေ့ကြရမည့် အခက်အခဲများကိုလည်း အမည်မဖော်လိုသူ EPC ၀န်ထမ်းတဦးက “ကျနော် ကတော့ စာမေးပွဲ ၀င်ဖြေ ကြည့်မယ်ဗျာ၊ အောင်သွားတော့ အဲ့ဒီမှာ ပြန်လုပ်ရုံပေါ့။ ကိုယ့်မှာ အတွေ့အကြုံလည်း ရှိပြီးသား ဆိုတော့ အဆင်ပြေ တာပေါ့။ နောက်လခလည်း ကောင်းတယ်ဆိုတော့လေ။ ဒါပေမယ့် သူ့လူနဲ့သူ နေရာတွေ ပြည့်သွားတာမျိုးဆိုရင်တော့ အောက်ခြေ၀န်ထမ်းတွေ သေပြီပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါဝန်ထမ်းက ဆက်လက်၍ “၀န်ထမ်းတွေကိုလစာကောင်းကောင်းပေးမယ်ဆိုတော့ မီတာခတွေကို တိုးကောက် မယ်လေ။ ဒါပေမယ့် မီးလာတာမလာတာတော့ မကျိန်းသေပါဘူး” ဟု ပြောကြားသည်။

ထိုသို့မြန်မာ့လျှပ်စစ်စွမ်းအားဌာနကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် သတင်းများ ထွက်ပေါ်လာစဉ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုသည် မြို့နယ်များအလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးရရှိနေကြောင်းကို ပြည်သူတဦးက ပြောသည်။

၎င်းက “အခုဆိုရင် မီးလာတဲ့အချိန်ထက် မလာတဲ့အချိန်က ပိုများနေတယ်။ ဘာမှကိုလုပ်လို့ မရတာ။ ပုဂ္ဂလိက ကကိုင်မယ် ဆိုရင်လည်း မီတာခတွေ တိုးလာတာပဲရှိမယ်။ မီးလာတာကတော့ ပြောင်းလာမှာမဟုတ်ဘူးလို့ ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */