သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ။ ။ ပြစ်ဒဏ်ကျ နိုင်ငံရေး လှုပ်ရှား တက်ကြွ သူများအား ဝေးလံဒေသရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့မှုများ နောက်ဆက်တွဲ အဖြစ် ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ၈၈ မျိုးဆက်ကျောင်းသား ၂ ဦးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးတို့ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရောက်ရှိလာသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဏိတ်ထွန်းသည် ၂၃ ရက်နေ့နှင့် ကိုကျော်စွာဌေးသည် ၃၀ ရက်နေ့က ရောက်ရှိလာသလို၊ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင်သည်လည်း ၃၀ ရက်နေ့ကပင် ရောက်လာခဲ့သည်။
''မြစ်ကြီးနားကတဆင့် ရောက်လာတာပါ။ အခု ဗန်းမော်ထောင် တိုက်ဟောင်းအဆောင်မှာ ထားတယ်။ သူတို့နဲ့အတူ စောင်၊ ခြင်ထောင် အဲဒါတွေတော့ အလုံအလောက် ပါလာတယ်။ ဘာသာရေး စာအုပ်တချို့လည်း ပါလာတယ်" ဟု ဗန်းမော်ထောင်နှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။
ဗန်းမော်ဒေသခံ နိုင်ငံရေးသမားတဦးကလည်း ယခုလို အတည်ပြုပြောဆိုသည်။
သူက ''၃ ယောက်ရောက်တယ်။ နှစ်ယောက်ကတော့ ကိုပဏ္ဏိတ်ထွန်းနဲ့ ဦးမျိုးခင်။ ကျန်တယောက်ကတော့ နာမည် မေ့နေတယ်။ အားလုံး ၆ ယောက်ပို့မယ်လို့ ပြောတယ်" ဟု ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကိုပဏ္ဏိတ်ထွန်းအား ထောင်ဒဏ် ၆၅ နှစ်၊ ၁၃ ရက်နေ့တွင် ဦးမျိုးခင်အား ၄ နှစ်ခွဲနှင့် ၁၉ ရက်နေ့တွင် ကိုကျော်စွာဌေးအား ၁၄ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို မအူပင်ခရိုင်တရားရုံးတွင် အီလက်ထရောနစ် ဥပဒေပုဒ်မများ အပါအ၀င် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်လိုက်ပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားကာ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ နယ်ထောင်များသို့ ပို့ဆောင်လာခဲ့သည်။
ဗန်းမော်ထောင်တွင် ယခင်ကတည်းက ကချင်ပြည်နယ် ရွှေကူမြို့နယ်မှ အန်အယ်ဒီ အဖွဲ့ဝင် ၂ ဦးနှင့် ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသူ ဗန်းမော်မြို့မှ အန်အယ်ဒီ ဒုဥက္ကဌတို့လည်း ရှိနေသည်။
ဗန်းမော်ထောင်သို့ နိုင်ငံရေးအကျဉ်းသား ၃ ဦး ရောက်ရှိ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment