သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို အာဏာပိုင်များက လေလံ တင်ရောင်းချပြီးနောက် နိုဝင်ဘာလမှ စတင်ကာ ရန်ကုန် ကားအရောင်းအ၀ယ် ဈေးကွက်တွင် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းသွားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန လက်အောက်ရှိ ဗဟိုစာရင်းအင်းဌာနမှ ဦးဆောင်ကာ ဖမ်းဆီးထိန်းသိမ်းထားသည့် လိုင်စင်မဲ့ကားများကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့များတွင် ရောင်းချပေးခဲ့ပြီး နောက်တလတွင် ယခုလို ကားဈေးများ ကျဆင်းလာခြင်းဖြစ်သည်။
“ကားအရောင်းအ၀ယ် အေးနေတယ်ဗျ။ Supply ရှိနေပေမဲ့ Demand နဲတော့ ဈေးကွက်က အေးနေတာ” ဟု Myanmar Suzuki Motor Co.., မှ တာဝန်ရှိသူတဦးဖြစ်သူ ကိုနေလင်းဦးက ပြောသည်။
ကားအရောင်းအ၀ယ်လုပ်သူ ကိုအောင်ကလည်း “ကားဈေးအေးနေတာ တလလောက်ရှိပြီ။ လေလံတင်တဲ့ ကားတွေကို လူတွေ ပိုစိတ်ဝင်စားတယ်။ ဈေးနှုန်းကလည်း ကွာတယ်။ ပြီးတော့ လူတွေ စီးပွားရေး မကောင်း တာလည်း ပါမယ်” ဟု ပြောသည်။
ယခင်က ဆလွန်းကား၊ ၈၆ မိုဒယ်တစီးလျှင် မြန်မာကျပ်ငွေ သိန်း ၃၀၀ မှ ယခုအခါ သိန်း ၂၂၀ အထိ ကျဆင်း သွားသလို၊ အမြင့်ဆုံး မော်ဒယ်ကားများထဲမှ ‘Land Cruiser’ တစီးတန်ဖိုးမှာ သိန်း ၄၀၀၀ ကျော်မှ သိန်း ၃၀၀၀ အောက်အထိ ကျဆင်းသွားသည်။
အစိုးရ လေလံတင်ရောင်းချပေးသည့် ဖမ်းဆီးလိုင်စင်မဲ့ကားများတွင် Land Cruiser (လန်းခရူဇာ) ကား အမျိုးအစား ကို သိန်း ၁၈၀၀ နှင့် Pajero (ပါဂျဲရိုး) သိန်း ၅၀၀ အပြင် ကားလိုင်စင်၊ ကားအခွန်နှင့် ကားနံပါတ်များကိုပါ ပူးပွဲရောင်းချပေးသည်။
ထို့အပြင် လေလံတင် ကားအများစုသည် ပြင်ဆင်အသုံးပြုရမည့် အနေအထားရှိကာ ကားအခွံကို မိမိ ကြိုက်နှစ်သက်ရာ အခွံဖြင့် ပြောင်းလဲတပ်ဆင်နိုင်သည့်အပြင် လေလံတင်ကား ၀ယ်ယူသူများအနေဖြင့် မော်ဒယ်တူ ကားအသစ်ကို လေလံတင်ကား ၀ယ်ယူထားသည့် ကားနံပါတ်ဖြင့်လည်း ပြောင်းစီးနိုင်သည်။
“ကားအခွန်က ကားတန်ဖိုးရဲ့ ၁၅ ရာခိုင်နှုံးပဲ ထပ်ဆောင်းပေးရတယ်။ ကားတွေက အသစ်မဟုတ်ဘူး။ တချို့ဆိုရင် ထိုင်ခုံမပါ၊ ကားတံခါးမပါတာတွေ ရှိတယ်။ ကိုယ်ကြိုက်တဲ့အခွံ၊ မော်ဒယ်တူ ကားအသစ်ကို စီးလို့ရတယ်။ ဒါကြောင့် လူတွေ ပိုစိတ်ဝင်စားကြတယ်'' ဟု ကိုအောင်က ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် နောက်ထပ်ရောင်းချပေးမည့် ဖမ်းဆီးအခွန်မဲ့ကား အသစ်များကိုလည်း ဆက်လက်ရောင်းပေးသွားမည့် အနေအထားရှိသည့်အတွက် ကားဈေးကွက် ပြန်လည် ဦးမော့လာရန် မလွယ်ကူသေးကြောင်း ရန်ကုန် ကားအရောင်းအ၀ယ် လုပ်ကိုင်သူများက ခန့်မှန်းပြောဆိုနေကြသည်။
“လက်သစ်မောင်း ဖမ်းဆီးအခွန်မဲ့ ကားတွေက လေလံတင်အုံးမယ်လို့ ကြားတယ်။ ဘယ်နှစီး ဆိုတာတော့ အသေအချာ မသိရသေးဘူး” ဟု ကိုအောင်က ပြောသည်။
ရန်ကုန် ကားဈေးများ ထိုးကျ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment