သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲတရပ်ကို ဂျပန် နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲကို ဂျပန်နိုင်ငံ Shin Mo Akasaka မြို့နယ်ရှိ ဒိုင်ဘုစုဘုရားတွင် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှ စတင်ကာ ၃ နာရီအထိ မူစလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ထုံးစံတို့ဖြင့် ဆုတောင်းခဲ့ကြခြင်း ဖြစ်သည်။
"ဘာသာရေးအရ ဆုတောင်းမေတ္တာပို့သတယ် ဆိုတာကလည်း ဘယ်ဘာသာမဆို မတရားတာကို တရားတာက နိုင်ရမယ်ဆိုတဲ့ ဒီ ဆုံးဖြတ်ချက်တွေနဲ့ ဒီသဘောကို ဆောင်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်" ဟု ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ (ဂျပန်) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုဖုန်းမြင့်ထွန်းက မဇ္ဈိမကို ပြောပြသည်။
ဆုတောင်းပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ အပါအ၀င် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ဂျပန်မှာ ကျင်းပ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment