ဖမ်းဆီးခံ မြောက်ကိုရီးယားများ နှစ်သစ်အကြိုနေ့တွင် တရားရင်ဆိုင်ရမည်

Tuesday, December 23, 2008 ·

သတင်း ဆလိုင်း ပီးပီး မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့် မြောက်ကိုရီးယား ၁၉ ဦးအား မြန်မာပြည် အရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံမြို့နယ် တရားရုံးက လာမည့် နှစ်သစ်ကူးအကြိုနေ့တွင် ရုံးထုတ် စစ်ဆေး သွားမည် ဖြစ်ကြောင်း တရားရုံး အရာရှိတဦး အဆိုအရ သိရသည်။

ယခုလ အစောပိုင်းက မြောက်ကိုရီးယား နိုင်ငံသား ၁၉ ဦးသည် တရုတ်ပြည်မှ ထိုင်းနိုင်ငံသို့ သွားရောက်နေစဉ် မြန်မာ့ မြေပိုင်နက် အတွင်း တရားမ၀င် ၀င်ရောက်ခဲ့သဖြင့် ရှမ်းပြည်နယ် တာချီလိတ် ရဲများက ဖမ်းဆီး ခဲ့ပြီးနောက် ယခုအခါ ကျိုင်းတုံမြို့နယ်တရားရုံးသို့ အမှုကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

''တာချီလိတ် မြို့နယ်တရားရုံးကနေ လွှဲပြောင်းပေးလိုက်တဲ့ သူတို့ (မြောက်ကိုရီးယား ၁၉ ဦး) အမှုကို ကျနော်တို့ အခုမှ လက်ခံရရှိခဲ့တယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးပါမယ်'' ဟု ကျိုင်းတုံတရားရုံးမှ တရားရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သူ့အဆိုအရ ကိုရီးယားများသည် ယခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ မြန်မာပြည် အရှေ့ပိုင်း၌ တရားမ၀င် နေထိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ သူတို့အားလုံးကို ကျိုင်းတုံအကျဉ်းထောင်အတွင်း ဖမ်းဆီးထားကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁)ဖြင့် တရားစွဲထားသည်ဟု သူက ဆက်ပြောသည်။

၂၀၀၇ ခုနှစ် ဧပြီလအတွင်းက ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သည့်အနေဖြင့် ရန်ကုန်တွင် နှစ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကိုရီးယား နိုင်ငံသားများ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

နောက်တနှစ် ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်များက အပြန်အလှန် လည်ပတ်ကြရာတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ သမိုင်းဝင် လည်ပတ်မှုလည်း ပါဝင်ခဲ့သည်။

၁၉၈၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယား သမတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဗုံးခွဲ တိုက်ခိုက်ခဲ့သည်ဟု မြန်မာက မြောက်ကိုရီးယားကို စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် တောင်ကိုရီးယား သမတမှာ လွတ်မြောက် ခဲ့သော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် စုစုပေါင်း တောင်ကိုရီးယား ၂၁ ဦး သေဆုံးခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */