ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရန် စစ်အစိုးရကို ရုရှားတိုက်တွန်း

Thursday, December 25, 2008 ·

သတင်း ဧရာဝတီ | မြန်မာပြည်ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက မြန်မာစစ်အစိုးရကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း ဧရာဝတီက ရရှိသည့် အစည်းအဝေးမှတ်တမ်းတခုအရ သိရသည်။

အဆိုပါ မှတ်တမ်းတွင် ရုရှားသံအမတ်ကြီး Mikhail Mgeladze နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့၏ ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မိနစ် ၂၀ ကြာ ဆွေးနွေး ချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂအရာရှိ “မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုပါက ရုရှနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ထောက်ခံ ပြောကြားရာတွင် ပိုမို၍ ကောင်းမွန်မည်၊ ရုရှနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံသွားမည်” ဟု သံအမတ်ကြီး က ပြောဆိုကြောင်း အဆိုပါ လျှို့ဝှက်အဆင့် အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်။

မစ္စတာဂန်ဘာရီ ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ လာရောက်ခွင့်ရမည် ဆိုပါက စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ဆုံခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာခွင့် ရရှိရေး တို့ကို ပြောကြားလိုသည်ဟု သိရကြောင်း သံအမတ်ကြီး ၏ ရှင်းပြချက်ကို မှတ်တမ်းတွင် တွေ့ရသည်။

ကုလသမဂ္ဂ၏ တောင်းဆိုချက်များသည် မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စများသာဖြစ်သောကြောင့် “လိုက်နာရန် တိုက်တွန်းမှု မပြုလိုကြောင်း၊ မြန်မာအစိုးရဘက်မှ ဆုံးဖြတ်မှုပြုရန် ဖြစ်ပါကြောင်း” ၊ မစ္စတာဂမ်ဘာရီအား “တွေ့ဆုံခြင်းက မတွေ့ဆုံခြင်းထက် ပိုမိုကောင်းမွန်မည်ဟု ထင်မြင် ယူဆမိပါကြောင်း” ဟုလည်း သံအမတ်ကြီး က ထည့်သွင်း ပြောကြားခဲ့သည်။

ဦးဉာဏ်ဝင်းက မစ္စတာဂန်ဘာရီ မြန်မာပြည်လာရောက်ရေးအတွက် ၀န်ကြီးချုပ်ထံ ဆက်လက်တင်ပြပေးမည်ဟု ပြန်လည် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒီဇင်ဘာလအတွင်း မစ္စတာဂန်ဘာရီ မြန်မာပြည် သွားရောက် နိုင်ဦးမည် မဟုတ်ကြောင်း ကြေညာလိုက်သည်။

မြန်မာနှင့်ရုရှားနှစ်နိုင်ငံ၏ သံတမန် ဆက်သွယ်ရေးသည် နှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်သည်။ ရုရှားခေါင်းဆောင် ခရူးရှက်သည် မြန်မာနိုင်ငံသို့ ၁၉၅၅၊ ၁၉၆၀ တို့တွင် လာရောက် လည်ပတ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရခေါင်းဆောင်တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရုရှားသို့ သွားရောက် လည်ပတ်ခဲ့သည်။

ယခုအခါ စစ်အရာရှိအများစုပါဝင်သော မြန်မာကျောင်းသား ၁၅၀၀ ခန့် ရုရှားတွင် ပညာသင်ယူလျက်ရှိသည်။

မြန်မာကျောင်းသား ၅၀၀ ခန့်သည် ရုရှားမှ ဘွဲ့များ ရရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရုရှားသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် ရုရှားနိုင်ငံမှ MiG 29 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ၀ယ်ယူခဲ့သည်။ ရုရှား၏ အကူအညီဖြင့် ၁၀ မီဂါဝပ် အင်အားရှိ အဏုမြူဓာတ်ပေါင်းဖို တလုံး မြန်မာပြည်တွင် တည်ဆောက်ရန် ယမန်နှစ်က နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */