လက်နက်ကိုင် မြန်မာတချို့ မဲဆောက်တွင် ဖမ်းဆီးခံရ

Thursday, December 25, 2008 ·

သတင်း အေးလဲ့ ဧရာဝတီ | ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ အာဏာပိုင်များဖမ်းဆီးထားသော မြန်မာ ပြည်သား ၁၀ ဦးကျော်တွင် လက်နက်ကိုင်များပါဝင်ပြီး ၎င်းတို့မှာ မြန်မာစစ်အစိုးရက စေလွှတ်ထားသူများဟု ယူဆနေကြကြောင်း သိရသည်။

ယင်းမဲဆောက်မြို့ကိုရောက်ရှိလာသည့် အဖွဲ့တွင် အနည်းဆုံး လူ ၄ ဦးထံမှလက်နက်များ သိမ်းဆည်းရမိပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း ယမန်နေ့ည ဘီဘီစီ ရေဒီယိုသတင်းတွင် ပါရှိသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ အတိုက်အခံအင်အားစုများကို စစ်အစိုးရဘက်မှ လက်နက်ကိုင် တစု စေလွှတ်ပြီး လုပ်ကြံ သတ်ဖြတ်မှု အစီအစဉ်များ ပြုလုပ်နိုင်သည်ဟု မဲဆောက်မြို့ရှိ မြန်မာ အတိုက်အခံ များကလည်း ဆိုသည်။

“ဒီရက်ထဲမှာ အဲဒီသတင်းတချို့ကိုကြားတယ်။ ထိုင်းထောက်လှမ်းရေး အသိုင်းအ၀န်း ကို မေးကြည့်တဲ့ သတင်း အရကတော့ ဖမ်းဆီးမှုတွေရှိ တယ်လို့သိရတယ်”ဟု မဲဆောက်မြို့ အတိုက်အခံ အသိုင်းအ၀န်းက ပြောသည်။

ယခုနှစ် ဖော်ဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ကို အမည်မသိ သေနတ်သမားနှစ်ဦးက မဲဆောက်မြို့ရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် သတ်ဖြတ် ခဲ့သည်။ ယနေ့အချိန်အထိ ၎င်းတရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ယင်း ဖဒိုမန်းရှာလုပ်ကြံခံရပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ မြန်မာအတိုက်အခံများက လုပ်ကြံ သတ်ဖြတ်မှုများ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိသည့်အတွက် ၎င်းတို့၏လုံခြုံရေးကို အထူးဂရုပြုနေကြ ကြောင်းလည်း သိရသည်။

မြန်မာအင်တာနက်သတင်းစာမျက်နှာများနှင့် ဘလော့များတွင်လည်း မြန်မာအတိုက်အခံနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် မြန်မာစစ်အစိုးရက လူ ၂၀ ထက် မနည်း စေလွှတ်ထားသည် ဆိုသော သတင်းများလည်း ပျံ့နှံ့လျှက်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */