စစ်အစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖြိုခွဲနေသည်ဟု လော်ရာဘုရှ်ပြောဆို

Friday, December 12, 2008 ·

သတင်း ဧရာဝတီ | မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသော မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူ အမျိုးသမီးများကို အမေရိကန် သမ္မတ ကတော် မစ္စလော်ရာဘုရှ်က ယမန်နေ့၌ ကျရောက်သည့် နှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့တွင် ဂုဏ်ပြုပြောဆိုခဲ့သည်။


မြန်မာ့အရေး ကြိုးပမ်းသူ အမေရိကန် သမ္မတ ကတော် ဟောင်း မစ္စ လော်ရာဘုရှ်
အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေးရုံးတွင် မစ္စလော်ရာဘုရှ်က ပြီးခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်း စစ်အစိုးရက မြန်မာပြည်သူလူထု၏ ငြိမ်းချမ်းရေးကို ဖိနှိပ်ချေမှုန်း နေသည်ဟု ရှုတ်ချ ပြောဆိုလိုက်ပြီး“ကလေးသူငယ်တွေကို စစ်တပ်ထဲမှာ ခိုင်းနေတာတွေ၊ သူတို့ မိဘတွေနဲ့ မိသားစု တွေကိုလည်း အဓမ္မလုပ်အားပေးစေခိုင်းမှုတွေကိုပြုလုပ်နေပါတယ်”ဟု လည်း ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့ဒီမိုကရေစီအရေးကိုဆောင်ရွက် နေကြသော ဒေါ်တာ စင်သီယာမောင်၊ ရှမ်းအမျိုးသမီး နန်းချန်တောင်း၊ မစုစုနွေး၊ မနီလာသိန်း စသည့် အမျိုးသမီးများကိုလည်း သမ္မတကတော်ဟောင်း မစ္စ လော်ရာဘုရှ်က အမှတ်တရ ဂုဏ်ပြု ပြောဆိုသွား သည်။

မစ္စ လော်ရာဘ်ုရှ် က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ ခေါင်းဆောင်မှုကလည်း တခြားသော မြန်မာ အမျိုးသမီးတွေရဲ့ အကြမ်းဖက် အဖိနှိပ်ခံရမှုတွေအပေါ် ရဲရဲဝံ့ဝံ့ တုန့်ပြန်စေတဲ့ အားအင်တွေကို ဖြစ်စေပါ တယ်” ဟု ပြောသည်။

မစ္စ လော်ရာဘုရှ်သည် ပြီးခဲ့သည့်သြဂုတ်လအတွင်းက ထိုင်းနိုင်ငံခရီးစဉ်အတွင်း သွားရောက်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းနှင့် ဒေါက်တာ စင်သီယာမောင်တို့နှင့် ပတ်သက်၍လည်း အမှတ်တရ ပြောကြားသည်။

ရာနှင့်ချီသည့် လူနာများသည် နေ့စဉ်နေ့တိုင်း မယ်တော်ဆေးခန်းတွင်လာရောက် ကုသနေသည် ကိုတွေ့မြင် ခဲ့ရ ကြောင်း၊ လူနာအများစုသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်စခန်း တို့မှဖြစ်ပြီး တချို့ လူနာများမှာ မြန်မာပြည်ဘက်မှခက်ခက်ခဲခဲ လာရောက်ကုသကြသည် ကိုတွေ့မြင်ရကြောင်းလည်း မစ္စ လော်ရာ ဘုရှ်က ပြောဆိုသည်။

“ဒေါက်တာစင်သီယာမောင် ရဲ့ ဆေးခန်းမှာ ကျမကိုယ်တိုင်မြင်ခဲ့တာကတော့ အမေရိကန် မျက်စိဆရာဝန် တယောက်က အပြင်းအထန်မျက်စိအတွင်းတိမ်ဆွဲနေတဲ့သူတွေကိုတောင် ပြန်မြင်လာ အောင် ဆောင်ရွက် နိုင်တာကိုတွေ့ရပါတယ်၊ ဒါတွေကို ကျမအနေနဲ့ မြင်တွေ့ရခြင်းဟာ ရင်ထိတ်ရပါတယ်။ မြေမြုပ်ဗုံး ထိခိုက်မိ တဲ့ သူတချို့လည်း ဆေးကုသဖို့အတွက် ဆေးခန်းမှာ စောင့်နေတာတာကိုလည်းတွေ့ရပါတယ်”ဟု ၎င်းက ပြောပြသည်။

ထို့အတူ မစ္စ လော်ရာ ဘုရှ်က ပြီးခဲ့သည့်ဧပြီလအတွင်း ကမ္ဘာ့ လူ့အခွင့်အရေးဆုတခုဖြစ်သည့်ု(Vital Voices Human Rights Global Leadership) ကို လက်ခံရရှိထားသော ရှမ်းအမျိုးသမီးနန်းချန်တောင်း ၏ ရှမ်းပြည်နယ် နယ်စပ် ဒေသတလျောက် မြန်မာစစ်အစိုးရမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြင့် လက်နက် သဖွယ်ပြုမှုနေခြင်းကို နိုင်ငံတကာသိအောင် ထုတ်ဖော်ပြောဆိုခဲ့မှုကိုလည်း ထည့်သွင်းပြောဆိုသွားသည်။

အလားတူအမျိုးသမီးများသည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် မြန်မာ့အရေးကို စွမ်းစွမ်းတမံ လှုပ်ရှား ဆောင်ရွက်နေသည့် အမျိုးသမီးများဖြစ်သည်ဟုလည်း မစ္စ လော်ရာဘုရှ် ကပြောသည်။

မစ္စ လော်ရာဘုရှ်က စစ်အစိုးရသည် ၂၀၀၇ခုနှစ်ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှစပြီး ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားပေါင်း ၁၁၀၀ ရှိရာ မှ လတ်တလော ၂၀၀၀ ကျော်သည် အထိ တိုး၍ ဖမ်းဆီးထား ကြောင်း၊ အဓမ္မ လုပ်အားပေးစေခိုင်းခံရသူများဘက်မှ ရပ်တည်ပြီး အာဏာပိုင်များကို ရဲရဲရင့်ရင့် ဦးဆောင် ဆန့်ကျင်ခဲ့သူ မစုစုနွေးနှင့်ပတ်သက်ပြီးလည်း မစုစုနွေးကို အာဏာပိုင်များက ၂၀၀၇ခုနှစ် နိုဝင်ဘာလ တွင် ဖမ်းဆီးခဲ့ရပြီး ထောင်ဒဏ်၁၂ နှစ်ချမှတ်ခံရကြောင်း၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးတဦးဖြစ် သည့် မနီလာသိန်း မှာလည်း မွေးဖွားစ ကလေးငယ်ကိုပစ်ပြီး အခြားနေရာတွင် တနစ်ကြာခိုအောင်းနေရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းဖမ်းဆီးခံခဲ့ရကြောင်း တို့ကိုလည်း ပြောဆိုသည်။

ထို့အပြင် မစ္စ လော်ရာဘုရှ်က နာဂစ်လေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေးအတွက် အမေရိကန် ဒေါလာ ၅သိန်း ထပ်မံလှူဒါန်မည်ဟုလည်း ကြောညာလိုက်သည်။

၎င်းထောက်ပံ့ကြေးငွေကို အစိုးရအဖွဲ့မဟုတ် သော အန်ဂျီအို အဖွဲ့များဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် save the children တို့မှတဆင့် မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဒေသများသို့ အရောက်ပံ့ပိုးကူညီသွားမည်ဟုလည်း ပြောသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံကိုဒီမိုကရေစီအသွင်သို့ ကူးပြောင်း နေ သည်ဟု ကတိပေး ပြောဆိုနေသော်လည်း လာမည့် ၂၀၁၀ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အတိုက် အခံနိုင်ငံရေးအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးရန် နှုတ်ဆိတ်နေသည်ဟုလည်း ထည့်သွင်းပြောဆိုသည်။

မစ္စ လော်ရာဘုရှ်သည် မြန်မာ့အရေး ကို တစိုက်မတ်မတ်ဆောင်ရွက်သူတဦးဖြစ်ပြီး သူ၏ ၈နှစ် တာ သက်တမ်း အိမ်ဖြူတော်တွင် နေထိုင်စဉ်အတွင်း မြန်မာစစ်အစိုးရ၏ အာဏာ အလွဲသုံးစားလုပ်ကာ အကြမ်း ဖက်မှုနှိမ်နင်းနေမှုများ အပါအ၀င် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်ပေါ်လစီပိုင်းတွင် ထည့်သွင်းပါရှိ ရန် ကြိုးပမ်းခဲ့သူ တဦးဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */