ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့နေ တွေ့ခွင့်မရ

Friday, December 12, 2008 ·

သတင်း ကိုစိုး ဧရာဝတီ | စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အယူခံကိစ္စနှင့် ပတ်သက်ပြီး ၎င်း၏ ရှေ့နေ ဦးကြည်ဝင်းက တွေ့ခွင့် တောင်းသည် ကို ခွင့်မပြုကြောင်း သိရသည်။


နေအိမ်အကျယ်ချုပ်ကျခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်
ယင်း အယူခံလွှာနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်နေပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းအားတွေ့ရန် မလိုသည့်အတွက် တွေ့ခွင့်မပြုခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ခေါ်ယူပြောဆိုသည်ဟု ဦးကြည်ဝင်းက ပြောသည်။

“ကျနော်က ဒီဇင်ဘာ ၃ ရက်နေ့ က သတင်းတပ်ဖွဲ့ကို စာရေးလိုက်တယ်၊ ၈ ရက် သို့ မဟုတ် ၁၀ ရက်နေ့မှာ တွေ့ခွင့်ပေးဖို့၊ သူတို့က ကြားရက် ၉ ရက်နေ့မှာ လာခေါ်တယ်၊ သူတို့ ခေါ်တဲ့ နေရာ ကျနော်လိုက်သွားတယ်၊ ဟိုရောက်တဲ့အခါကျတော့ သူတို့ လူကြီးတွေနဲ့ တွေ့တယ်၊ သူတို့ ပြောတဲ့ သဘောက ကျနော်တို့ တင်ထားတဲ့ အယူခံလွှာကိုတဲ့ အစိုးရအဖွဲ့က ဆောင်ရွက် နေပါပြီတဲ့၊ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ဖို့ မလိုပါဘူးတဲ့၊ ဒါကြောင့် ခွင့်မပြုတာပါတဲ့”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောပြသည်။

ဦးကြည်ဝင်းအား ခေါ်တွေ့ရာတွင် အာဏာပိုင်များဘက်မှ ဒု ရှေ့နေချုပ် ဦးမြင့်နိုင်၊ သတင်း တပ်ဖွဲ့မှူးတဦး၊ ရဲမှူးကြီး တဦး တို့ ပါဝင်ကြောင်း သိရသည်။

ထိုသို့ အာဏာပိုင်များ ဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မလိုအပ်၍ဟုဆိုကာ ခွင့်မပြုသော်လည်း ရှေ့နေ ကြီး ဦးကြည်ဝင်းကမူ တွေ့ဆုံရန် လိုအပ်သည်ဟု ပြောဆိုသည်။

“အကြောင်းပြချက် ၂ ချက်နဲ့ တွေ့ခွင့်တောင်းတာ၊ အခု သူတို့က မလိုဘူးတဲ့၊ လိုတယ် မလိုဘူးဆိုတာ ကျနော် တို့ က ဆုံးဖြတ်ရမှာ၊ သူတို့က ဆုံးဖြတ်ရမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည့် အခြေခံအချက်၂ ချက်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က အယူခံလွှာတင်ခဲ့ပြီဆိုသည်ကို မသိသေးသည့်အတွက် အသိပေးရန်၊ အယူခံလွှာနှင့် ပတ်သက်ပြီး အစိုးရက လျှောက်လွှဲချက်ပေးရန် ခေါ်ဆိုသည့်အချိန်တွင် အသင့်ရေးထားသည့် လျှောက်လွှဲချက်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် ဆွေးနွေးရန်ရှိသောကြောင့်ကို ယင်းလျှောက်လွှဲချက်ကို ပြသရန် တို့ဖြစ်သည်ဟု ဦးကြည်ဝင်း က ရှင်းပြသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး အယူခံကို ဆောင်ရွက်မည့်အစိုးရအဖွဲ့ထံသို့ ဦးကြည်ဝင်းက တိုက်ရိုက် စာရေးတင်ပြ ရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် အောက်တို ဘာ လ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူ ထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း စစ်အစိုးရက ယခု နှစ် မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */