သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ရွှေဝါရောင် တော်လှန်ရေးကြောင့် ထိမ်းသိမ်းခံနေရသည့် ညီဖြစ်သူထံ ထောင်ဝင်စာ လာတွေ့စဉ် နိုင်ငံရေး အကျဉ်းသားများအား ထောင်တွင်း ဆေးကုသခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆို ထားသည့် စာကို ဖတ်ပြမှုဖြင့် လူတဦးကို ထောင်၆ လ ချမှတ် လိုက်သည်။
ထောင်၁၉ နှစ် ချမှတ်ခံရသော လှိုင်သာယာ NLD အဖွဲ့ဝင် ကိုသန့်ဇင်မျိုး၏ အကို ကိုသန့်ဇင်ဦးသည် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကမ္ဘာ့ကြက်ခြေနီ၊ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ညီဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ဖတ်ပြ၍ အဖမ်းခံခဲ့ရသည်။
အင်းစိန် အကျဉ်းထောင်မှူးမှ (ထောင်လက်စွဲ ဥပဒေ ပုဒ်မ ၄၂ ) ထောင်တွင်းသို့ ခွင့်မပြုသည့် စာရွက်စာတမ်း ယူဆောင်မှုဖြင့် ပြီခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့က တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှ ယခုလို ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ကိုသန့်ဇင်ဦး၏ မိတ်ဆွေတဦးက ပြောသည်။
"ဖတ်ပြတဲ့ ၂၂ ရက်နေ့က ထောင်မှူး ကိုယ်တိုင် လာရှင်းတယ် ဘာပြဿနာမှ မရှိဘူး၊ ၃၁ ရက် နေ့ကျမှ လာဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ထားတာ ထောင်ဥပဒေ ပုဒ်မ ၄၂ နဲ့လို့ ပြောတယ်"ဟု သူကပြောသည်။
သို့သော်လည်း ထောင်ဝင်စာတွေ့စဉ် ဖတ်ပြရန် ယူဆောင်သွားစဉ် အဆင့်ဆင့် စစ်ဆေးခံပြီးမှ ခွင့်ပြု၍ ထောင်အာဏာာပိုင်များရှေ့တွင် ဖတ်ပြခဲ့ခြင်း ဖြစ်သည်။
တရားလို သက်သေဖြစ်သည့် ထောင်ဝန်ထမ်း ၄ ဦးမှ တဦး က အဆိုပါ စာရွက်အား ထောင်တွင်းသို့ သယ်ယူရန် ခွင့်ပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ယခုစွဲဆိုထားသော အမှုကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ မှတ်ချက် ရေးသား ပေးပို့ ထားသည့် စာကို အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီက မတ်လ ၂၈ ရက် နေ့တွင် အမှု စစ်ဆေးသည့် အခါ တရားရုံးထဲ၌ မှားယွင်းစွာ ဖတ်ကြားခဲ့ကြောင်း အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
ယခုအခါ ကိုသန့်ဇင်ဦးအား အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။
စစ်ခေါင်းဆောင်ထံ တင်ပြသော စာကို ဖတ်မှုဖြင့် ထောင်ချခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment