ဝဒေသတွင် AK-47 ထုတ်နေပြီ

Wednesday, December 17, 2008 ·

သတင်း ဧရာဝတီ | တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ ဖြစ်သည့် ၀ပြည် စည်းလုံးညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့ တပ်ဖွဲ့များနှင့် စစ်အစိုးရကြား တိုက်ပွဲများ ဖြစ်ပွားသည့်အခါ အသုံးပြရန် အတွက် ကိုယ်ပိုင် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်နေကြောင်း သိရသည်။


တရားမ၀င် မူးယစ်ဆေးနှင့် လက်နက်မှောင်ခို အရောင်းအ၀ယ် ပြုလုပ်နေသည့် UWSA မှ တပ်ဖွဲ့ဝင်များ
ယင်း UWSA ထုတ်လုပ်သော စစ်လက်နက် ပစ္စည်းများမှာ AK-47 အမျိုးအစား သေနတ်များနှင့် ကျည်ဆံများ ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်သည့် စိုင်းဆိုင်မောဝ်က ပြောသည်။

“UWSA က အခု သူတို့ ကိုယ်ပိုင်လက်နက် ထုတ်နေပြီ၊ သူတို့ အခု ထုတ်တဲ့ AK-47 က တရုတ်လုပ်နဲ့ တူတယ်၊ မနှစ်က စထုတ်တာ”ဟု ၎င်းက ပြောပြသည်။

တခြားသော UWSA နှင့် နီးစပ်သူ တဦးကလည်း “UWSA လက်နက် ထုတ်တာက သူတို့ တပ်ဖွဲ့တွေ အတွက်ချည်းပဲ မဟုတ်ဘူး၊ ဒီ ရှမ်းပြည်နယ် အတွင်းက သူတို့နဲ့ မဟာမိတ် တိုင်းရင်းသား အဖွဲ့တွေကိုလည်း ရောင်းတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ် အပါအ၀င် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရှမ်း၊ ကိုးကန့်၊ မုန်းလား၊ ကချင် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိကြောင်း သိရသည်။

“UWSA အဖွဲ့က အဲဒီ AK-47 သေနတ် လုပ်ပုံ လုပ်နည်းကို တရုတ်ဆီကနေ လေ့လာခဲ့တာ” ဟုလည်း ၎င်း UWSA နှင့် နီးစပ်သူက ဆိုသည်။

UWSA သည် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိသော ၀င်ငွေပြီးလျှင် လက်နက် မှောင်ခို ရောင်းချခြင်းမှ ၀င်ငွေရရှိကြောင်း မေလ အတွင်းက ထုတ်ပြန်သည့် “ဂျိန်း” စစ်ဘက် လုံခြုံရေး သတင်းဆိုင်ရာ (The Jane’s News Security reported) ထုတ်ပြန်ချက်အရ သိရှိရသည်။

UWSA အနေနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့နှင့် အိန္ဒိယ လက်နက်ကိုင် သူပုန် အဖွဲ့များသို့ လက်နက် ရောင်းချခြင်းမှ ငွေကြေး အမြောက်အမြား ရရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ တွင်လည်း “ဂျိန်း” က ထုတ်ပြန်ထားသည်။

UWSA ၏ ယခု လက်နက်ငယ် ထုတ်လုပ်မှုသည် ထိုဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း ပထမဆုံး အကြိမ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

လတ်တလော လက်နက် ထုတ်လုပ်ရာ ဒေသသည် တရုတ်-မြန်မာ နယ်စပ်အနီး UWSA ဌာနချုပ်ရှိရာ ပန်ဆန်း မြောက်ဘက် ၁၂၅ ကီလိုမီတာ ခန့်ကွာဝေးပြီး UWSA အကြီးအကဲ ပေါက်ယူချမ်း၏ ဇာတိ ဖြစ်သော ၀ တောင် တန်းပေါ်ရှိ ခွေးမ နယ်မြေအတွင်း၌ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ထိုင်း-တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် UWSA တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့်ကို တပ်ဖြန့် ချထားကြောင်း၊ ရှမ်းပြည်နယ် အောက်ဘက် တွင်လည်း ၆၀၀၀၀ မှ ၁၂၀၀၀၀ ခန့်ရှိသော ၀ ရွာသားများ အခြေချ နေထိုင်လျှက် ရှိကြောင်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပြသည်။

UWSA အဖွဲ့သည် တရုတ် လက်နက် ထုတ်လုပ်သူများ၊ တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ်ဘက် လမ်းကြောင်းမှနေ၍ လက်နက် အရောင်း အ၀ယ် ပြုလုပ်မှုများ ရှိသည်ဟုလည်း ဆိုသည်။

အဆိုပါ UWSA အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၀ ခုနှစ် အစောပိုင်း ကာလတွင် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ဝေရှောက်ခမ်း အပါအ၀င် UWSA ခေါင်းဆောင်များကို တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အမေရိကန် အစိုးရက အလိုရှိနေခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */