ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၅ ဦး ဘူးသီးတောင် အကျဉ်းထောင်သို့ ရောက်ရှိ

Thursday, December 04, 2008 ·

သတင်း နိရဉ္စရာ | ကိုဌေးကြွယ် အပါအ၀င် ရဟန်းတော် ၃ ပါး နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁ ဦး စုစုပေါင်း ၅ ဦးမှာ များမကြာမှီက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် အကျဉ်းထောင်သို့ ရန်ကုန်မြို့မှ တဆင့် ရောက်ရှိလာကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ထောင်အရာရှိ တဦးက နိုဝင်္ဘာလ ၁၈ ရက်နေ့က ကိုဌေးကြွယ်မှာ စစ်တွေက တဆင့် ဘူးသီးတောင် ထောင်သို့ ဓည၀တီ သင်္ဘော့ဖြင့်ရောက်ရှိလာကြောင်း အတည်ပြု ပြောကြားသည်။

မျက်မြင် တဦးကလည်း “ကိုဌေးကြွယ်လား ဘယ်သူ ဘယ်ဝါဆိုတာတော့ မသိပါဘူး။ ရဲအစောင့် အရှောက်တွေ အများကြီးနဲ့ စစ်တွေကနေ ဘူးသီးတောင်ကို ဓည၀တီ သဘောင်္နဲ့ ယူလာတာကို တွေ့ရပါတယ်။ သူ့ကို လက်ထိပ်တွေ ခြေထိတ်တွေပါ ခတ်ထားတော့ ကျနော်တို့က အမှုကြီး သမားလိုကဘဲ ထင်နေတာ။ ဘူးသီးတောင်ရောက်မှ ကျောင်းသား ခေါင်းဆောင် တဦးဆိုတာ သိရပါတယ်။” ဟု ပြောသည်။

ကိုဌေးကြွယ်အား စစ်အာဏာပိုင်များက ထောင်ဒဏ် ၆၅ နှစ်ချမှတ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း နာမည် ဆိုးဖြင့် ကျော်ကြားနေသော ဘူးသီးတောင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

တခြား ရဟန်းတော် သုံးပါးနှင့် နိုင်ငံရေး သမား တဦးကိုလည်း နိုဝင်္ဘာလ ၂၈ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ ဓည၀တီ သင်္ဘောဖြင့် ပို့ဆောင်ခဲ့သည်။

မျက်မြင် တဦး ဖြစ်သူ ခရီးသွား တဦးက “ရဟန်းတော်တွေကို လူဝတ်လဲထားပါတယ်။ ဆံပင်တွေလည်း ရှည်နေပါပြီ။ ရဟန်းတော်တွေက ရန်ကုန်ကနေ ဘူးသီးတောင်ထောင်ကို ယူလာတယ်လို့ သက်ဆိုင်ရာ ရဲအရာရှိ တဦးက ပြောပြတဲ့အတွက် လူတွေက စိတ်မကောင်းစွာနဲ့ ဘဲ သွားရောက်ကြည့်ရှု့ခဲ့ကြပါတယ်။ သင်္ဘောပေါ်မှာ လက်အုပ်ချီပြီး ရှိခိုးသူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။

ယခုအခါ ဘူးသီးတောင် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသမား အများအပြားကို ချုပ်နှောင်ထားပြီး ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ရန်ကုန်က မရောက်မှီကတည်းက စစ်တွေ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အရှင် ဦးအိသရိယ၊ တောင်ကုတ်မြို့မှ ဒီမိုကရေစီ အရေးလှုပ်ရှားသူ ကိုသန်းဌေး၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်လတ်၊ မနီနီမေမြင့်၊ ကိုမိုးကျော်၊ ကိုအောင်နိုင်မင်း၊ ကိုဇော်မင်းနိုင်တို့ကို ဘူသီးတောင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး အလုပ်ကြမ်းများ စေခိုင်းနေကြောင်း သတင်းရရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */