GSM ဖုန်းကို တင်ကြိုငွေသွင်းစနစ်ဖြင့် သုံးနိုင်တော့မည်

Tuesday, November 25, 2008 ·

သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ။ ။ မြန်မာပြည်တွင် GSM လက်ကိုင်ဖုန်း အသုံးပြုသူများအတွက် ကြိုတင် ငွေသွင်း ကဒ်စနစ် prepaid card system ကို မကြာမီ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်သည်။

မိမိ ပြောလိုသလောက် ငွေပမာဏကို ကြိုတင်ဝယ်ယူကာ လက်ကိုင်ဖုန်းတွင် ဖြည့်သွင်းအသုံးပြုရသည့် prepaid card များကို စတင်ရောင်းချိန်တွင် အမေရိကန် ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သဖြင့် နိုင်ငံခြားသား များကို အဓိကထား ရောင်းချပေးသွားမည် ဖြစ်ပြီး ယခုနှစ်အတွင်း စတင်ဖွယ်ရှိသည်။

"လက်ရှိတော့ နိုင်ငံခြားသားတွေကို စမ်းရောင်းမယ်။ နောက်ပိုင်းတော့ မြန်မာငွေနဲ့ ပြောင်းလာမယ်။ ဒေါ်လာနဲ့ဆိုတော့ နိုင်ငံခြားသားတွေ သုံးမှာပါ။ မြန်မာတွေ ဘယ်သုံးမလဲ" ဟု မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

သူက ကဒ်များရောင်းချမည့် ဈေးနှုန်းနှင့် အရေအတွက်ကို ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း သီးခြားပေးပို့သော ဆက်သွယ်ရေး ၀န်ကြီးဌာန သတင်းရပ်ကွက်အရ အမေရိကန် ဒေါ်လာ ၁၀ ၊ ၃၀ နှင့် ၅၀ တန်ဖိုးရှိ ၃ မျိုး ရောင်းချမည်ဟု သိရသည်။

ဒေါ်လာ ၁၀ တန်ကဒ်၏ အသုံးပြုခွင့် သက်တမ်းမှာ ရက်သတ္တပတ် တပတ်ဖြစ်ပြီး ဒေါ်လာ ၃၀ တန်အတွက် ၃ ပတ်၊ ဒေါ်လာ ၅၀ အတွက် ၅ ပတ်ဖြစ်မည်။ ဆက်လက် အသုံးပြုလိုပါက ထပ်မံ ဖြည့်သွင်းရမည်ဟု ဆိုသည်။

အဆိုပါစနစ်ကို အသုံးပြုပါက ကျသင့်နှုန်းထားများမှာ ပြည်တွင်း၌ ခေါ်ဆိုပါက တယူနစ်ကို ဒေါ်လာ 00.30 ဖြစ်ပြီး နိုင်ငံခြားသို့ ခေါ်ဆိုနှုန်းထားမှာ တယူနစ်လျှင် တပြေးညီနှုန်းထား ဒေါ်လာ $ 1.20 ဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောသည်။

ယခု အသုံးပြုမည့် ကြိုတင်ငွေသွင်းကဒ် (prepaid card) စနစ်မှာ အဆိုပါကဒ်အား မိမိအသုံးပြုလိုသော ငွေပမာဏအလိုက် ၀ယ်ယူပြီး မိမိလက်ကိုင်ဖုန်းတွင် ဖြည့်သွင်း အသုံးပြုရုံသာ ဖြစ်သည်။ ၎င်းကဒ်မှ ငွေကုန်ကြောင်း ထပ်မံဖြည့်သွင်းရန် အကြောင်းကြားသည့်အခါ မူလအတိုင်း ဖြည့်သွင်း အသုံးပြုရမည်။

လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်း ကျသင့်ငွေ ပေးချေမှုစနစ်မှာ တလအတွင်း မိမိအသုံးပြုထားသည့် ယူနစ်အလိုက် ကျသင့်ငွေ ပြေစာနှင့်အတူ အစိုးရ တယ်လီဖုန်းရုံးများတွင် လစဉ် သွားရောက်စောင့်ဆိုင်းကာ ပေးသွင်းရသည့် (postpaid) စနစ်ဖြစ်သည်။

ပြည်တွင်းထုတ် Bi-weekly ဂျာနယ်တွင် ဖော်ပြထားချက်အရ မြန်မာပြည်တွင် မိုဘိုင်း လက်ကိုင်ဖုန်း ပေါင်း ၂ သိန်းကျော် လက်ရှိ သုံးစွဲလျက်ရှိကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */