သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ မြေပြင် ၀န်ဆောင်မှု စီမံခန့်ခွဲရေး လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့် ချပေးသွားမည် ဖြစ်သည်။
ယခင် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ Ground Handling Service လုပ်ငန်းကို တိုက်ရိုက် လုပ်ဆောင်နေခဲ့ရာမှ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လွှဲပြောင်းပေးရန် ဆောင်ရွက်နေကြောင်း နေပြည်တော် ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့လေကြောင်းမှ အမည်မဖော်လိုသူ တာဝန်ရှိပုဂ္ဂိုလ်တဦးက မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။
"ကျနော်တို့ နိုင်ငံတော်ရဲ့ ပေါ်လစီအရတော့ တချိန်ချိန်မှာ ဒီ services (၀န်ဆောင်မှု) အားလုံးကို လုပ်နိုင် ကိုင်နိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွှဲပေးဖို့ ကျနော်တို့ အများကြီး ဆောင်ရွက်နေပါတယ်" ဟု သူက ပြောသည်။
"ပေါ်လစီက ချပြီးသားဖြစ်ပါတယ်။ အကောင်အထည်ဖော်တဲ့ အပိုင်းပဲ ကျန်ပါလိမ့်မယ်။ အဆင်သင့်ဖြစ်တဲ့ ကုမ္ပဏီက စီးပွားရေး လုပ်ငန်းရှင်တွေသာ စဉ်းစားဖို့လိုပါမယ်။ ယှဉ်ပြိုင်တဲ့အပိုင်းကို သွားစေချင်တာ" ဟု သူက ဆက်ပြောသည်။
နေပြည်တော်ရှိ သတင်းရ့ပ်ကွက်များက မဇ္ဈိမသို့ပြောကြားရာတွင် နအဖအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက သူနှင့် အကျွမ်းတ၀င်ရှိသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမဏီသို့ လွှဲပြောင်းသွားရန် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ ညွှန်ကြားထားသည်ဟု ဆိုသည်။
မဇ္ဈိမက ထူးကုမဏီသို့ ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆန်သွားသည်။
လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများ၏ မြေပြင် ဆိုင်ရာ ၀န်ဆောင်မှုများ ပြုလုပ်ပေးနေပြီး တနှစ်လျှင် အနိမ့်ဆုံးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်း ၀င်စေသော လုပ်ငန်းဖြစ်သည်။
ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လေကြောင်း (အမ်အေအိုင်)၏ အရှုံးအချို့ကို ကာမိစေသော လုပ်ငန်းတခုဖြစ်သည်။
လေကြောင်းလိုင်းဆိုင်ရာ မြေပြင်ဝန်ဆောင်မှုတွင် ခရီးသည်လက်ခံခြင်း၊ ခရီးဆောင်အိတ်များ ချိန်တွယ် ပေးခြင်း၊ ကုန်ပစ္စည်းလက်ခံပေးခြင်း၊ ကုန်ပစ္စည်း အလေးချိန် တွက်ချက်ပေးခြင်း၊ လေယာဉ်ပျံ သန့်ရှင်းရေး လုပ်ပေးခြင်း၊ လေယာဉ်ပေါ်တင်မည့် ကုန်ပစ္စည်းအလေးချိန် ချိန်ဆပေးခြင်းအပြင် လေယာဉ် လက်မှတ် ဖြတ်ပေးခြင်းများကို လုပ်ဆောင်ပေးရသည်။
လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်းဖွယ်ရှိ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment