အစိုးရဖြုတ်ချရေးအဖွဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ဝိုင်းရံပိတ်ဆို့၊ ဝန်ကြီးချုပ် နှုတ်ထွက်ရန် တောင်းဆို

Thursday, November 27, 2008 ·

သတင်း မဇ္ဈိမ | ချင်းမိုင်။ ။ ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် (People Allience for Democracy - PAD) အဖွဲ့က ထိုင်းနိုင်ငံ၏ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်ရောက်စီးနင်းလိုက်ပြီး ဆန္ဒပြနေခဲ့သည့်အတွက် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။

ပီရူးနိုင်ငံသို့ အစည်းအဝေး သွားတက်နေသော ဝန်ကြီးချုပ် ဆွမ်ချိုင်း ဝုန်းဆဝတ် ရာထူးမှ မနှုတ်ထွက်မချင်း လမ်းပေါ်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဆိုသော ပီအေဒီ၏ "နောက်ဆုံးတိုက်ပွဲ" မဟာဗျူဟာအရ အစိုးရအဖွဲ့ ယန္တရား ရပ်ဆိုင်းသွားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်ဟာင်း တပ်ဆင် ရှင်နဝတ်၏ ရုပ်သေးအစိုးရဟု PAD အဖွဲ့၏ စွပ်စွဲခြင်း ခံရသော ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ တဖွဲ့လုံး နှုတ်ထွက်ရန် (သို့) လွှတ်တော် ဖျက်သိမ်းရန် တောင်းဆို ဆန္ဒပြသည့် နောက်ဆုံး လှုပ်ရှားမှု ဖြစ်သည်။

ယမန်နေ့ မနက်ကလည်း လက်ရှိ ထိုင်းအစိုးရ၏ ယာယီ အိမ်ဖြူတော်အဖြစ် အသုံးပြုထားသော ဒွန်မောင်း လေဆိပ်ကို သွားရောက် ပိတ်ဆို့ သိမ်းပိုက်ခဲ့သေးသည်။ ထို့အပြင် ထိုင်းတပ်မတော် ဗဟိုဌာနချုပ်ရှေ့သို့လည်း သွားရောက် ဆန္ဒပြခဲ့သေးသည်။

PAD အဖွဲ့သည် ယမန်နေ့ ညနေပိုင်းမှစ၍ ဒွန်မောင်းလေဆိပ်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ကာ အဝင်လမ်းများကို ပိတ်ဆို့လိုက်သဖြင့် လေဆိပ်မှာ ဝင်ထွက်သွားလာရန် ခက်ခဲသွားခဲ့ရသည်။ သုဝဏ္ဏလေဆိပ် ထိပ်ပိုင်း တာဝန်ရှိသူများ အဆိုအရ PAD အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးငြိနှိုင်းရာတွင် မအောင်မြင်ပဲ ယမန်နေ့ည ၁၀ နာရီ မတိုင်မီအထိ check-in လုပ်ပြီးသော ခရီးသည်များနှင့် လေယာဉ်ကိုသာ ပျံသန်း ထွက်ခွင့်သာ ဆွေးနွေးနိုင်ခဲ့သော်လည်း လေယာဉ်နှင့် ခရီးသည်များ လုံခြုံရေးအတွက် လေဆိပ်၏ ဝန်ဆောင်မှု အားလုံး ပိတ်ပစ်လိုက်ရကြောင်း ည ၁၀ နာရီကျော်တွင် ကြေညာသည်။

ခရီးသည် အများအပြားမှာ လေဆိပ်တွင် ၃၀၀၀ ဦးခန့် သောင်တင်နေကြောင်း မည်သည့်လေယာဉ်မျှ ပျံသန်း သက်ဆင်းခြင်း မပြုတော့ကြောင်း၊ နိုင်ငံတကာမှ လေယာဉ်ခရီးစဉ်များလည်း သုဝဏ္ဏဘူမိလေဆိပ်သို့ ခရီးစဉ် များကို ဆိုင်းငံ့ထားလိုက်ကြရသည်။

ပီရူးနိုင်ငံတွင် အစည်းအဝေး သွားရောက်တက်ရောက်နေသော ဝန်ကြီးချုပ် ဆွမ်ချိုင်းသည် မူလ လျာထားချက် အရ ယနေ့ နေ့လည် ၁ နာရီခန့်တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ ပြန်လည် ရောက်ရှိဆင်းသက်ရမည် ဖြစ်သော်လည်း ပီရူးနိုင်ငံမှအထွက် နှောင့်နှေးကြန့်ကြာမှုကြောင့် ယနေ့ညနေ ၇ နာရီခန့်မှ ရောက်ရှိလိမ့်မည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သို့သော် သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်လိမ့်မည် မဟုတ်ဘဲ ချင်းမိုင်လေဆိပ်၊ ဖူးခက်လေဆိပ် နှင့် အူတာပေါင်းလေဆိပ် တခုခုသို့ သွားရောက်ဆင်းသက်လိမ့်မည်ဟု ထိုင်းမီဒီယာများက ခန့်မှန်းထားသည်။

PAD အဖွဲ့အနေဖြင့် ဝန်ကြီးချုပ် ဆွမ်ချိုင်းက ချွင်းချက်မရှိ နှုတ်ထွက်ရန်နှင့် ဝန်ကြီးချုပ်ကိုယ်တိုင် လေဆိပ်သို့ PAD ခေါင်းဆောင်များနှင့် သွားရောက် ဆွေးနွေးရန် တောင်းဆိုထားသည်။ သတင်းရေးသားနေချိန်အထိ နောက်ဆုံးရရှိသော သတင်းများအရ PAD အဖွဲ့များသည် သုဝဏ္ဏဘူမိ လေဆိပ်၏ လေကြောင်းထိမ်းချုပ်ရာ ဌာနကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ အဓိက ဝင်ထွက်ပေါက်ဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ပိတ်ဆို့ သိမ်းပိုက်လိုက်သည့် အတွက် ဘဏ္ဍာရေး ထိခိုက်မှုများနှင့် နိုင်ငံ၏ အဓိက ဝင်ငွေပေါက်ဖြစ်သော ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေသည်သာမက နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကိုပါ ရေရှည် ထိခိုက်စေသည်ဟု စီးပွားရေး ပညာရှင် များက ဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်မှုကြောင့် ဝင်ငွေ တနေ့လျှင် ဘတ် သန်း ၁၀၀၀ ဖိုး ဆုံးရှုံးမှု ရှိကြောင်း ခန့်မှန်းကြသည်။

ယမန်နေ့ညနေတွင် အစိုးရထောက်ခံသူများနှင့် PAD အဖွဲ့သားများအကြား တိုက်ခိုက်မှုများ ရှိခဲ့ရာ PAD အဖွဲ့သားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူအများအပြား ဒါဏ်ရာရရှိသွားကြသည်။ ယမန်နေ့ညတွင် မြို့တော်ဘန်ကောက်အတွင်း အကြိမ်ကြိမ် ဗုံးပေါက် ကွဲမှုများ ရှိခဲ့သည်။ ဤပဋိပက္ခကြောင့် ထိုင်းစစ်တပ်မှ အာဏာ တဖန်သိမ်းလိမ့်မည်ဖြစ်ကြောင်း ကောလာဟလများလည်း ပို၍ စိပ်စိပ် ကြားလာရသည်။ သို့သော် ထိုင်းတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုဖုန်း ဖောင်ဝ်ဂျင်းဒါးက အာဏာသိမ်းမှုသည် လက်ရှိ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးကို နိုင်ငံရေးဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စစ်တပ်မှ အာဏာသိမ်းမှု ရှိလိမ့်မည် မဟုတ်ကြောင်း ယမန်နေ့က မီဒီယာများကို ရှင်းလင်း ပြောကြားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */