သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ ချင်းပြည်နယ်အတွင်း တပ်စွဲထားသော စစ်တပ် တပ်စခန်းတခုကို ခွဲထွက်ရေး ရခိုင်သူပုန်အဖွဲ့တခုက ၀င်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း စီးနင်းတိုက်ခိုက်ခဲ့သူများ အပြောအရ သိရသည်။
ပလက်ဝမြို့နယ် အတွင်းရှိ ဒိုချောင်းဝ ဒေသတွင် ခြေမြန်တပ်ရင်း ၅၅၀ တပ်ဖွဲ့ဝင်များ၏ တပ်စခန်းတခုကို ရခိုင်လွတ်မြောက်ရေး တပ်မတော် (အေအယ်လ်အေ) မှ တပ်ကြပ်ကြီး ခိုင်လင်း ဦးဆောင်သော ၁၅ ဦးပါ အဖွဲ့က ယခုလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီက လျှပ်တပြက် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာ ဒေသသည် ပလက်ဝမြို့နယ်မှ ခြေလျင်ခရီးဖြင့် ၃ ရက်ကြာ သွားရသည်။
နှစ်ဖက် အင်အားတူမျှရှိသည့် တိုက်ပွဲနှင့် ပတ်သက်၍ သူတို့ဘက်မှ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် တိုက်ပွဲ အပေါ် ကျေနပ်အားရမိသည်ဟု ယမန်နေ့က ထုတ်ပြန်သော အေအယ်လ်အေ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မဇ္ဈိမအနေဖြင့် တိုက်ပွဲနှင့်ပတ်သက်သော သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
"နအဖ စစ်တပ်တွေဘက်က ၂ ယောက် သေပြီးတော့၊ ၃ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတယ်" ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒု-ပြန်ကြားရေး တာဝန်ခံ ခိုင်ထွန်းလင်းက မဇ္ဈိမကို ပြောသည်။
ရခိုင်လွတ်မြောက်ရေး တပ်မတော်သည် ရခိုင်လွတ်မြောက်ရေးပါတီ၏ လက်အောက်ခံတပ် ဖြစ်သည်။
"ကျနော်တို့ဆီက အဲဒီမှာ လူလွှတ်ပြီးတော့ စုံစမ်းတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ လူတွေရှိတယ်၊ အဲဒီအနီးနားက ရွာတွေက။ အဲဒီလူတွေဆီက အတိအကျ သတင်းကောက်ယူခဲ့လို့ သိရတာ" ဟု ခိုင်ထွန်းလင်းက ပြောပြသည်။
အေအယ်လ်ပီကို ၁၉၆၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး သီးခြားလွတ်လပ်ရေးအတွက် လက်နက်ကိုင်တပ် ထူထောင်ပြီး တိုက်ပွဲဝင်လျက်ရှိသည်။
ခွဲထွက်ရေးသူပုန်များ ထိုးစစ်ကြောင့် စစ်သား ၂ ဦးသေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment