နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၅ ဦးထက်မနည်း ထောင်ပြောင်းရွှေ့ခံရ

Monday, November 24, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ပြစ်ဒဏ်ချပြီးသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၅ ဦးထက်မနည်းကို ဝေးလံခေါင်ဖျားဒေသရှိ အကျဉ်းထောင်များသို့ ယနေ့နံနက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း မျက်မြင်သက်သေ တဦး၏ ပြောဆိုချက်အရ သိရသည်။

သူတို့ကို ပဲခူးတိုင်း ပေါင်းတည်နှင့် ပြည်၊ ကချင်ပြည်နယ် ဗန်းမော်၊ ရှမ်းပြည်နယ် တောင်ကြီး၊ မွန်ပြည်နယ် သထုံ အစရှိသည့် အကျဉ်းထောင်များသို့ နံနက် ၇ နာရီခန့်က ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

"မနက် အစောကြီးပေါ့နော်။ ... ထောင်ပြောင်းသွားတာကို လှမ်းမြင်လိုက်ရတယ်။ ကျနော် တွေ့လိုက် တာကတော့ အားလုံးပေါင်း ၁၅ ယောက်နဲ့ ၂၀ ကြားမှာ ရှိလိမ့်မယ်" ဟု အင်းစိန်ထောင်သို့ သွားရောက်ခဲ့သူ မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီအဖွဲ့ဝင် ကိုထွန်းထွန်းနိုင်ကို မိတ္ထီလာအကျဉ်းထောင်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုရဲမြတ်ဟိန်းကို ကလေးမြို့ အကျဉ်းထောင်နှင့် သံဃာတော် ဦးသတ္တမ (ခေါ်) သက်ဇော်ကို မြင်းခြံထောင်သို့ ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များထံက သိရသည်ဟု သူက ဆက်ပြောသည်။

ကိုထွန်းထွန်းနိုင်၏ ဇနီးဖြစ်သူ မအေးသက်က သူမ၏ ခင်ပွန်းသည်ကို မန္တလေးတိုင်း မိတ္ထီလာ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်မှာ မှန်ကန်ကြောင်း ပြောဆိုပြီး၊ ယခုလို အဝေးရပ်ရှိ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားတွေ့ရန် ငွေကြေးအရ အဆင်မပြေသေးကြောင်း ပြောသည်။

သူက "အဆင်ပြေရင်တော့ သွားတွေ့မှာပေါ့။ အဆင်ပြေတယ်ဆိုတာ ကျမတို့ဘက်က အခက်အခဲ အဆင်ပြေ သွားရင်ပေါ့နော်။ ငွေရေးကြေးရေး အဆင်ပြေသွားရင်တော့ သွားတွေ့မှာပေါ့။ အဆင်မပြေရင်တော့ သွားမတွေ့ နိုင်သေးဘူးပေါ့နော်" ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာ-လူထု ရွှေဝါရောင်တော်လှန်ရေးအား မြန်မာစစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြသံဃာတော်များ၊ အန်အယ်ဒီပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသား များအား ဖမ်းဆီးခဲ့ကာ ယခုလ ဒုတိယပတ်မှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ဆက်တိုက် ဆိုသလို ဝေးလံခေါင်ဖျား ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့နေသည်။

ယခုလ ၂၀ ရက်နေ့တွင် အန်အယ်ဒီက ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် ယခုလို ဝေးလံသော ဒေသများသို့ ထောင်ပြောင်းရွှေ့ခြင်းသည် ကာယကံရှင်များ သာမက မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးသလို ဖြစ်နေကြောင်း နှင့် ယင်းလုပ်ရပ်သည် ကာယကံရှင်များ၊ မိသားစုများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများအား စိုးရိမ်စေသည် သာမက လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ပြေလည်စေရန် ညှိနှိုင်း ဖြေရှင်းပေးရမည့်အစား ပိုမို ခက်ခဲ လာစေနိုင်သော သဘောလည်း ဆောင်နေကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များအဖွဲ့ကလည်း ယခုလ ၂၂ ရက်နေ့က သဘောထားထုတ်ပြန်ရာတွင် "ငြိမ်းချမ်းစွာ လှုပ်ရှား ဆောင်ရွက်နေသော နိုင်ငံရေး အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများရှိ အကျဉ်းထောင်များသို့ ပို့ဆောင်နေခြင်းသည် သင့်မြတ်လျော်ကန်သည့် လုပ်ဆောင်ချက် မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုကြီးထွား ကျယ်ပြန့်လာမည်ကို စိုးရိပ်ပူပန်ကြောင်း" ပြောဆိုခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */