ရန်ကုန်ဈေးကွက်မှ ပဲကြိုပွိုင့်ရှုံးသည့် ကုန်သည်အချို့ ထွက်ပြေးတိမ်းရှောင်နေဆဲ

Monday, November 24, 2008 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲကြိုပွိုင့်ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြပြီး သိန်းထောင် နှင့်ချီ၍ ဒိုင်ကိုမလျော်နိုင်သည့် အတွက် ထွက်ပြေးနေသူများရှိသကဲ့သို့ နယ်မြို့များ၌လည်း သိန်းထောင်ချီပါသွားသူများရှိသည်ဟု စုံစမ်းသိရသည်။

ယမန်နှစ်ကဆိုလျှင် ပဲကြိုပွိုင့်ရောင်းဝယ်ရာ၌ ဒိုင်ကလျော်ရလေ့ရှိပြီး ယခု သိန်းထောင်နှင့်ချီပြီး ထိုးသားလျော်ရမည့်အလှည့်မှာ ထွက်ပြေးကြသည့်အတွက် ဈေးကွက် ကမောက်ကမ ဖြစ်ကုန်သည်ဟု ကုန်သည်တဦးက ပြောသည်။ ထွက်ပြေးသူများထဲတွင် ကိုသက်နိုင်၊ ကိုဖြိုးကြွယ်၊ စိန်မြင့်မိုရ် စသူတို့ပါသည်ဟု စုံစမ်းသိရသည်။ ပဲကြိုပွိုင့်အရောင်းအ၀ယ် ဒိုင်အဖြစ် နာမည်ကြီး သူများမှာ ရန်ကုန်ဈေးကွက်မှ အဟုတ်၊ ဘောကျော်ဝင်း စသည့် တရုတ်လက်ကြီးကုန်သည်များဖြစ်သည်။

“သူတို့က ကြိုပွိုင့်ရိုက်ကြတယ်ဗျာ။ လေပတ်ကားရောင်းဝယ်တယ်ခေါ်တာပေါ့။ ပစ္စည်းမမြင်ရသေးဘူး၊ ဈေးကြိုပေးပြီး လေနဲ့ဝယ်၊ လေနဲ့ရောင်း အဲလိုလုပ်ကြတာလေ။ ဈေးကစားကြတာပေါ့။ ပြီးတော့ လေနဲ့ လုပ်ကြတဲ့ ပမာဏကလည်း နည်းတာမဟုတ်ဘူး။ တန်ချိန် တထောင်ဆိုရင် သိန်းနှစ်ထောင့်ငါးရာကျော် ဆိုတော့ တန်လေးငါးထောင် လေနဲ့ဝယ်ထားတဲ့ သူတွေက export မရှိလို့ ဈေးလည်း ပြုတ်ကျရော ငွေမချေနိုင်ကြတော့ဘဲ ပြေးကြတော့တာ။ ၀ယ်တုန်းက ဈေးက မြင့်နေတော့ ပိုက်ဘောမိကုန်ပြီး မနိုင်ကြတော့တာလေ” ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အသင်းသားတဦးက ရှင်းလင်းပြောဆိုသည်။

ရန်ကုန် ရွှေဝါအားမာန်ကုမ္ပဏီမှ တာဝန်ရှိသူများလည်း သိန်းလေးထောင်ကျော် ဆုံးသွားသည်ဟု အဆိုပါ ကုမ္ပဏီနှင့်နီးစပ်သည့် ကုန်သည်တဦးက ပြောသည်။ မြင်းခြံမြို့မှ ကုန်သည် (၃) ဦးလည်း သိန်းထောင်နဲ့ချီ ဆုံးသွားသည်ဟု မြင်းခြံကုန်သည်တဦးက ပြောသည်။

ယခုနှစ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း မတ်ပဲ ကြိုပွိုင့်ရောင်းဝယ်မှုများကို အများဆုံး ပြုလုပ်ခဲ့ကြပြီး အိန္ဒိယမှ ပဲဝယ်ရပ်တန့်ထားချိန်တွင် ပြည်တွင်းဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ပွားရခြင်းဖြစ်သည်။

“နောက်တချက်က ပဲလောကထဲကို တခြားရပ်ဝန်းတွေက ငွေရှင်တွေဝင်လာပြီး နားမလည်ဘဲ ဈေးကစားတာလည်းပါမယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့မှ သီးနှံပွဲစားတဦးက “ဒီတခါတော့ မန္တလေး၊ မုံရွာ၊ ပခုက္ကူဘက်က ပွဲစားတွေလွတ်ပါတယ်။ ရန်ကုန်မှာ အဓိက လေပတ်ကားရိုက်ခဲ့ကြတာက မတ်ပဲဆိုတော့ ဒီဘက်မှာက မတ်ပဲအထွက်နည်းတော့ သက်သာသွားတာပေါ့” ဟု ဆိုသည်။

ယခုအခါ ယင်းကိစ္စရပ်များအား ကိုင်တွယ်ရန် UMFCCI လက်အောက်တွင် ဖျန်ဖြေရေးကော်မတီတရပ် ဖွဲ့စည်းခဲ့ရပြီး အိန္ဒိယမှ ပဲဝယ်ယူမည့်အဖွဲ့တဖွဲ့ကိုလည်း ဖိတ်ကြားထားရပြီဖြစ်ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် နိုဝင်ဘာ (၂၃) ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */