ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှု မြန်မာနိုင်ငံ ကူးစက်ပြီ မြန်မာပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်း

Thursday, November 20, 2008 ·

သတင်း NEJ ခေတ်ပြိုင် | အထွေထွေ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုရလဒ်အဖြစ် မြန်မာစစ်အစိုးရ ပို့ကုန် လုပ်ငန်းများ ကျဆင်းနေချိန်၌ တရုတ်နိုင်ငံသည်သာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ စိတ်အချရ ဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးအရာရှိတဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ လတ်တလော သားငါးဆိုင်ရာ တင်ပို့မှုများ ရပ်တန့်သွားနိုင်ကြောင်း၊ ယင်းသို ပို့ကုန်လုပ်ငန်း ကျဆင်းမှုမဖြစ် ရန် ရေလုပ်ငန်းအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်လက်ကုန်သွယ်မှု ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုလုပ်ငန်းတော်တော်များများ ကျဆင်းနေချိန်မှာ ငါးလုပ်ငန်းအနေနဲ့လည်း ထိမှာပဲ။ ရေထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေကို ပို့နေတဲ့ နေရာမှာ အခြားနိုင်ငံတွေကို လတ်တလော ရပ်ထားရမယ်ဆိုရင်တောင် တရုတ် နိုင်ငံကိုတော့ ရပ်ရမယ့် အနေအထားမတွေ့ရဘူး။ ဒါကြောင့် တရုတ်က စိတ်ချရတဲ့ ကုန်သွယ်ဖက် နိုင်ငံလို့ ပြောနိုင်တာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် အခြားနိုင်ငံများတွင်လည်း ရေထွက်ကုန်များ ကျဆင်းနေရာ ဗီယက်နမ်၊ ယိုးဒယားနှင့် အင်ဒိုနီးရှားတို့တွင်လည်း ရေလုပ်ငန်းများ ကျဆင်းနေကြောင်း၊ မိမိတို့အနေဖြင့် တဦးနှင့်တဦး ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ကြရန် ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များထံ ၀န်ကြီးဌာနက သတင်းများ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

ပို့ကုန်လုပ်ငန်းရှင် တဦးကလည်း “မြန်မာနိုင်ငံက ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့အခါမှာ ပြည်ပနိုင်ငံတွေအနေနဲ့ ဘဏ်စနစ်နဲ့ ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် အခုလို ကမ္ဘာ့စီးပွားရေး ပျက်နေတဲ့ ပြဿနာမှာ အမှာအော်ဒါကို ဈေးကွက်အနေအထားကြည့်ပြီးမှ မှာတာမျိုးတွေ လုပ်လာကြတယ်။ မြန်မာကုန်သည်တွေကတော့ (၈၀) ရာခိုင်နှုန်းက ကိုယ်ပိုင်ငွေနဲ့ လုပ်ကြတယ်လေ။ ပြည်ပကကျတော့ ငွေလွှဲမှုကို ဘဏ်စနစ်နဲ့ သွားတာလေ။ ငွေက စီးပွားရေးအရ ဘဏ်တွေမှာ မလည် နိုင်တော့ဘူး။ အဲဒီအခါ ဈေးကွက်ကို ထိန်းပြီးတော့ မှာရတော့တာပေါ့။ အရင်က ကွန်တိန်နာ (၃) လုံးမှာတဲ့ အမှာတွေ အခုကျတော့ အမှာမရတော့ဘူး။ ကိုယ်တိုင်ပို့တဲ့ သူတွေလည်း မပို့ကြတော့ဘူး။ ဘာလို့လဲဆိုတော့ ငွေလွှဲတဲ့အခါ ကြာတယ်၊ ငွေမလည်ကြ တော့လို့ပါ” ဟု ပြောသည်။

ပြည်တွင်း လုပ်ငန်းရှင်အချို့လည်း ကပ်ဆိုက်မှုအပေါ် စိုးရိမ်စိတ်များကြောင့် နိုင်ငံခြားတင်ပို့မှု အချို့ကို ရပ်ထားကြကြောင်း သိရသည်။

“ပြည်ပနိုင်ငံတွေမှာ ဘဏ်ရဲ့အထောက်အပံ့နဲ့ အလုပ်လုပ်တာများတဲ့အတွက် ပြည်တွင်း ကုန်သည်တွေက စိုးရိမ်လာကြတာ ဖြစ်တယ်” ဟု ပို့ကုန်လုပ်ငန်းရှင်က ပြောသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန အနေဖြင့် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ပို့ကုန်များ ထိခိုက်နိုင်သော်လည်း တရုတ်နိုင်ငံအပေါ် အားကိုး စိတ်ချခြင်းမှာ တရုတ်နှင့် မြန်မာတို့၏ ကုန်သွယ်မှုပမာဏ တိုးတက်လာမှုကို သိရှိနားလည်ထား၍ ဖြစ်မည်ဟု စီးပွားရေး ကျွမ်းကျင်သူများက ယူဆသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ လွန်ခဲ့သည့် (၃) နှစ်အတွင်း (၆၀) ရာခိုင်နှုန်းကျော် တိုးတက်လာ ခဲ့ကြောင်း အောက်တိုဘာလအတွင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */