သတင်း NEJ ခေတ်ပြိုင် | လက်ရှိ ပြည်တွင်း စပါးပေါက်ဈေး ထိုးကျနေ၍ တောင်သူလယ်သမားများ အခက်အခဲ ကြုံတွေ့နေသော်လည်း ပြည်ပ တင်ပို့ခွင့် ရရှိထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီနှင့် ကုမ္ပဏီအချို့မှာမူ အမြတ်အစွန်း များစွာ ရရှိနေကြောင်း ဆန်ကုန်သည် အသိုင်းအဝန်းမှ စုံစမ်းသိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတဦးက “လောလောဆယ် ဆန်တင်ပို့ခွင့် လည်းရ၊ တင်လည်း တင်နေတဲ့ အဓိက ကုမ္ပဏီ နှစ်ခုကတော့ ဦးပိုင်နဲ့ ထူးကုမ္ပဏီပဲ။ ခုမှ အခြားကုမ္ပဏီ တခုနှစ်ခုကို တင်ပို့ ခွင့်ပြုလိုက်တော့ စုစုပေါင်း တင်ပို့ခွင့်ပြုတာ ဆန်တန်ချိန် (၅) သောင်းကျော်တော့ ရောက်သွားပြီ။ ကမ္ဘာ့ ပေါက်ဈေးမှာ ထိုင်းဆန်ရော၊ ဗီယက်နမ်ဆန် ရော ဈေးကျနေတယ် ဆိုပေမယ့် မြန်မာ (၂၅) မှတ်ဆန် ကတော့ တတန် ဒေါ်လာ (၃ဝဝ) အောက် ရနေတုန်းပဲ။ လက်ရှိ ဈေးကွက်မှာ ပြည်ပပို့မယ့် ကုမ္ပဏီတွေက တတင်းခွဲ (၁ဝ၈ ပေါင်) တအိတ် ကျပ် (၁၄,ဝဝဝ) လောက်နဲ့ စိတ်ကြိုက်ဝယ်လို့ရနေသေးတော့ အတော့ကို တွက်ခြေ ကိုက်နေတာပေါ့” ဟု ပြောသည်။
လောလောဆယ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဒု-ဗိုလ်မှူးကြီးရဲအောင် ဦးစီးပြီး စက်ဆန်းမှာ ဆန်ဂိုဒေါင် ဖွင့်လှစ် ဝယ်ယူလျက်ရှိပြီး ဆန်လာသွင်းသူ ကုန်သည်များသည့် အတွက် ဂိုဒေါင်၌ ဆန်ချနိုင်ရန်ပင် ညအိပ် စောင့်ဆိုင်းရကြောင်း ဆန်ကုန်သည်များက ပြောသည်။
ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးမကျခင်က မြန်မာဆန်အကျိုး (၃ဝ-၃၅) ရာခိုင်နှုန်းပါသည့် ဆန်များအထိ ဝယ်ယူခဲ့သော်လည်း ယခုနောက်ပိုင်း မြန်မာပြည်တွင်း စပါးဈေးကျလာသည့် အတွက်ကြောင့် ဆန်အကျိုး (၂ဝ) ရာခိုင်နှုန်းခန့်သာ ပါဝင်သည့် ဆန်များကိုသာ ရွေးချယ် ဝယ်ယူလာကြကြောင်း သိရသည်။
ထိုကြောင့် ဦးပိုင်ကုမ္ပဏီသည် ဆန်ကျိုး (၂ဝ) ရာခိုင်နှုန်း၊ ဆန်သားရင့်ရင့် ဆန်များကို (၈ဝ) ဂရမ် အထူရှိသည့် ဆန်အိတ်များ သုံးပြီး လာသွင်းမှ လက်ခံကာ တတင်းခွဲ တအိတ်ကို ကျပ် (၁၄,၅ဝဝ) အထိ ပေးပြီး ဝယ်ကြောင်း၊ ထူးကုမ္ပဏီမှာမူ လှိုင်သာယာတွင် ဂိုဒေါင်ထားပြီး (၁ဝ၈) ပေါင်ပါ ဆန်တအိတ် (၁၄,၂ဝဝ) ကျပ် ပေးပြီး ဝယ်ယူနေကြောင်း၊ ထူးကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တင်သွင်းနေခြင်းဖြစ်ပြီး ဦးပိုင်ကုမ္ပဏီမှာမူ စင်ကာပူမှတဆင့် အာဖရိက နိုင်ငံတခုကို တင်ပို့နေကြောင်း သိရသည်။
လက်ရှိ စပါးပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား တင်း (၁ဝဝ) ကို ကျပ် (၂၇ဝ,ဝဝဝ)၊ (၂၈ဝ,ဝဝဝ) ခန့် ပေါက်သည့်အပြင် နယ်မြို့များတွင် စပါးလက်ကျန် များစွာရှိနေသေးကြောင်း သိရသည်။ ဥပမာအားဖြင့် မြောင်းမြမြို့ရှိ ဆန်စက်တခု၌ပင် စပါး တင်းပေါင်း (၆ဝ,ဝဝဝ) ကျော် လက်ကျန်ရှိနေသေးပြီး အခြား မြို့ အသီးသီး၌လည်း လက်ကျန်စပါး အများအပြား ကျန်နေသေးကြောင်း သိရသည်။
ယခုကဲ့သို့ စပါးဈေးနှုန်းများ ကျဆင်းနေ၍ လယ်သမားများ အခက်အခဲတွေ့နေကြသော်လည်း ပြည်ပ တင်ပို့သည့် ကုမ္ပဏီများမှာမူ ကြိုက်ဈေးနှိမ်ပေးပြီး ဝယ်ယူတင်ပို့နိုင်၍ အမြတ်အစွန်း များစွာ ရရှိနေကြခြင်း ဖြစ်သည်။
ပြည်တွင်းစပါးဈေးကျသဖြင့် ပြည်ပ ဆန်တင်ပို့သူများ တွက်ခြေကိုက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment