စစ်အစိုးရ သိမ်းယူထားသည့် လိုင်စင်မဲ့ကားများကို ပထမဆုံးအကြိမ် ပုဂ္ဂလိကသို့ လေလံပစ်မည်

Friday, November 21, 2008 ·

သတင်း အေလဲ့ ဧရာဝတီ | စစ်အစိုးရက သိမ်းယူထားသော လိုင်စင်မဲ့ကားများကို မန္တလေးမြို့တွင် ပုဂ္ဂလိကသို့ ပထမဆုံးအကြိမ် ဈေးပြိုင် အိတ်ပိတ်လေလံတင် စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

လေလံကား အစီး၃၀၀နီးပါးကို လေလံဆွဲမည့်သူများသည် နိုဝင်ဘာ ၁၉ ရက် နှင့် ၂၀ရက် နှစ်ရက်အတွင်း မန္တလေးမြို့ ၃၅လမ်းရှိ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုခန်းမတွင် ဈေးပြိုင်အိတ်ပိတ် လေလံတင်စာအိတ်ကို အပြီးပေးပို့ရမည် ဖြစ်သည်ဟု မန္တလေးမြို့ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

၎င်းလိုင်စင်မဲ့ကားများထဲတွင် ပါဂျဲရိုး Pajero ၊ မတ်ခ်တူးMark II ၊ ဟိုင်းလပ် ဆတ်ဖ် Hilux Surf၊ ဗင် Van ၊ လင်ခရူဇာ Land Cruiser၊ စသည့် ကားအမျိုးအစားအလိုက်နှင့်မော်ဒလ် အလိုက် ရောင်းချမည်ဖြစ်ကြောင်း ကြေညာချက် စာရင်းများအရသိရသည်။

မန္တလေးမြို့ရှိ ကားပွဲစားတဦးက“လေလံကားဆွဲမယ့်သူတွေက အရင်ဆုံးဘဏ်မှာ သိန်း၂၀ စရံငွေပေးရ တယ်၊ သူတို့ ဆွဲခွင့်ပေးတဲ့ ကားတွေကို ဆွဲရတာဖြစ်တယ်၊ လက်ရှိလေလံပစ်ထားတဲ့ အမြင့်ဆုံးဈေးနှုန်း ကတော့ ကျပ်သိန်းတစ်ထောင်နီးပါးရှိတယ်၊ အနိမ့်ဆုံးကျပ်သိန်း၂၀၀ကျော် ပေးကြတယ်၊ ကားအကောင်း အတိုင်းတော့ မရဘူးလို့လည်းကြားတယ် ခင်ဗျ” ဟု ပြောသည်။

အပြင် ကားဈေးကွက် များမှာလည်း ယခုနှစ်အစောပိုင်းကတည်းကစပြီး ကားဈေးများပျမ်းမျှ ၂၅ရာခိုင်နှုန်း မှ၄၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့ ယခုလက်ရှိကားဈေးကွက်မှာ ရောင်းသူဝယ်သူကြား သဘောတူပေါက်ဈေး နှင့်သာရောင်းချလျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

ယခုလေလံတင်ရောင်းချမည့် လိုင်စင်မဲ့ကားအများစုသည် ၂၀၀၄-၂၀၀၅ ခု ၀န်းကျင်တွင် သက်ဆိုင်ရာ အာဏာပိုင်များက သိမ်းယူထားသည့်ကားများဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ ကားတင်သွင်းခွင့် ကားပါမစ်မျာကို အစိုးရက ချူပ်ကိုင်ကန့်သတ်ထားကြောင်း၊ ထို့ကြောင့် နယ်စပ်လမ်းများမှ တရားမဝင်လိုင်စင်မဲ့ကား ထောင်ပေါင်းများစွာ ဝင်ရောက်ပြီး ကားဈေးမတည်မငြိမ် ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

စီးပွားရေး သုံးသပ်သူ အယ်ဒီတာတဦးက “လေလံဆွဲတဲ့လူက ကားလိုင်စင်နဲ့ နံပါတ်ပေးလိုက်ရင်တရားဝင် စီးခွင့်ရသွားပြီ ဆိုတဲ့သဘောပဲ၊ အရင်တုန်းကတော့ ကားနံပါတ်မပါတဲ့ လိုင်စင်မဲ့ကားတွေကို မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ တာချီလိတ်၊ ရှမ်းပြည်နယ်၊ မန္တလေးမြို့တွေမှာအများဆုံးစီးကြတယ်၊ ဒီကားတွေကို သိမ်းထား လိုက်တာ” ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း“ဘာပဲဖြစ်ဖြစ် လိုင်စင်မဲ့ကားတွေက ဈေးသက်သာတော့ ဒီကားတွေကို ဝယ်စီးတာပေါ့၊ ကျနော်တို့အိမ်မှာ၂စီးအသိမ်းခံရတယ်၊ သိမ်းသွားပြီး နောက်ပိုင်း လူကြီးသားသမီးတွေ၊လူကြီးတွေ ပြန်စီးနေကြတာကို လည်းတွေ့ရပါတယ်” ဟု ပြောသည်။

၎င်းလိုင်စင်မဲ့ကားများကို သိမ်းယူပြီးနောက်ပိုင်း အစိုးရကဌာနဆိုင်ရာသို့ အသုံးပြုရန် ပေးထားခဲ့ကြောင်းနှင့် ပုဂ္ဂလိကသို့ ယခု ပထမဆုံးအကြိမ် လေလံချပေးခြင်းဖြစ်ကြောင်းသိရသည်။

၎င်းလေလံတင်ရောင်းချသည့်စနစ်ဖြင့် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင်လည်း ဆက်လက်ပြု လုပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း စစ်အစိုးရက လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း အောက်တိုဘာလ ကုန်ပိုင်းအထိ တရားဝင် လိုင်စင်များ ထုတ်ပေးခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */