မူးယစ်ဆေးဝါး ကုန်ကြမ်း ၁၀ တန်ကို ဝငြိမ်းချမ်းရေးအဖွဲ့က ထိုင်းနိုင်ငံမှ ဝယ်ယူ

Friday, November 21, 2008 ·

သတင်း ဧရာဝတီ | ရှမ်းပြည်နယ် အခြေစိုက် ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) သည် ရာဘဟု အများခေါ်သည့် အဖက်တမင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရန် ကုန်ကြမ်းတမျိုးဖြစ်သော ဆူဒိုဖက်ဒရင်း ၁၀ တန်ခန့်ကို မကြာသေးမီက ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ်တွင် ဖော်ပြထားသည်။

ထိုသတင်းစဉ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော UWSA နှင့် နီးစပ်သည့် ထိုင်း စီးပွားရေး သမားတဦးက “ဆူဒိုဖက်ဒရင်းဆိုတာ အအေးမိ ပျောက်ဆေး တမျိုးပါပဲ။ အရင်ကဆို အဲဒီဆေး တွေကို ဆေးရုံတွေမှာပဲ ရနိုင်တယ်။ အပြင်ကို ခိုးထုတ်ပေးမယ့် ဝန်ထမ်းတွေဆီက တဆင့် ဝယ်ရတယ်” ဟူ၍ ပြောထားသည်။

UWSA အဖွဲ့သည် ထိုင်းအစိုးရက တင်းကျပ်စွာ ပိတ်ဆို့ထားသည့်ကြားမှ မရ ရသည့်နည်းနှင့် ရာဘ ထုတ်လုပ်ရန် ကုန်ကြမ်းများကို ဝယ်ယူနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာ ၁ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ဆူဒိုဖက်ဒရင်းဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံအစိုးရသည် မူးယစ်နှိမ်နင်းရေးအစီအစဉ်ကို စီမံကိန်းချ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ၎င်းလအတွင်းက ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က UWSA ခေါင်းဆောင် ၂၆ ဦးနှင့် ၎င်းတို့ပိုင် စီးပွားရေး လုပ်ငန်း ၁၇ ခုတို့ကို အရေးယူပိတ်ဆို့မည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ဝ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဝေရှောက်ခမ်းလည်း ပါဝင်သည်။

ဝ ငြိမ်းချမ်းရေး ခေါင်းဆောင်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှာ ထိုင်းမြန်မာ နယ်စပ်တွင် ဟိုတယ်များ၊ အနှိပ်ခန်းများ၊ တရားမဝင် ကျွန်းသစ် ပြည်ပတင်ပို့မှုများအဖြစ် ရှိနေရာ ယခုကဲ့သို့ အမေရိကန် နိုင်ငံက ကြေညာချက်ထုတ်ပြန်လိုက်စဉ်တွင် ၎င်းတို့၏ပိုင်ဆိုင်မှု နာမည်များကို ပြောင်းလဲရန် အစီအစဉ် ရှိနေကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မြန်မာ အာဏာပိုင်များက တာချီလိတ်မြို့ နိုင်းစတား ဟိုတယ်တွင် ဝ အမျိုးသား ၁ ဦးနှင့် ရှမ်း အမျိုးသား ၂ ဦးတို့ထံမှ အဖက်တမင်း ဆေးပြား ၅ သောင်း ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံအစိုးရက ရှမ်းပြည်နယ်အတွင်းရှိ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့သော အဖွဲ့များကို ဖိအားပေးပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်တွင် UWSA သည် မူးယစ်ဆေးထုတ်လုပ်မှု လုံးဝ မလုပ်တော့ဟု ကြေညာခဲ့သည်။

သို့ရာတွင် မြောက်များလှစွာသော အဖက်တမင်းဆေးများကို ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ သည်လည်း အာရှတွင် မက်သာဖက်တမင်း အများဆုံးထွက်ရှိသည့် နိုင်ငံဖြစ်နေသေးကြောင်း အမေရိကန် မူးယစ် ဗဟိုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝ အမျိုးသား ငြိမ်းချမ်းရေးအဖွဲ့သည် ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့က မြန်မာအစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပြီး ၎င်းအဖွဲ့သည် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်သည့် အဖွဲ့များအနက် တဖွဲ့ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */