ရန်ကုန်ရဲ့ရေ ဒုက္ခ

Saturday, June 06, 2009 ·

မိုးမခ |


လှေဆိပ်မဟုတ်ပါ။ ကားမှတ်တိုင်ပါ။ မနေ့ မနက်က မိုးလင်းခါစမှာပဲ ၂နာရီသာသာလောက် မိုးကောင်းလိုက်တာ ရန်ကုန်တမြို့လုံး ရေကြီးတော့တာပါပဲ။



ရန်ကုန်မှာ မိုးများ ၁နာရီကျော်လောက် တောက်လျှောက် ကောင်းပြီ ဆိုရင်လမ်းတွေ အားလုံးရေလျှံ၊ ကားတွေ စက်ရပ်ကုန်၊ လမ်းတွေပိတ်၊ လူတွေလည်း ခါးတောင်းကျိုက်ပြီး ချောင်းထဲကို ဖြတ်ကြရတော့တယ်။

မြောင်းအဖုံးတွေကလည်း ပေါက်ပြဲနေတာကြောင့် ရေမြုပ်နေချိန်မှာ ဘယ်နေရာမှာ မြောင်းပေါက်လဲ ဆိုတော မမြင်တော့ သွားနေကျ မဟုတ်သူ တွေဆို မြောင်းထဲခြေ ချော်ကျ၊ ရေထဲမျောပါနဲ့ မကြာခဏ ကြားသိနေရတာပါ။


ကားတွေစက်ရပ်ကုန်လို့ ပိတ်ဆို့မှုတွေဖြစ်။ ရန်ကုန်မြို့တော်ဝန်က မကြာခင်က မီဒီယာကို တရားဝင် ပြောရာမှာ `ရန်ကုန် ဆိုတာ မိုးရွာရင် ဒီလိုပဲ ရေ ကြီးနေကျ၊ ဘယ်နေရာမှာ အမှိုက် ဆို့နေသလဲ ဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ´တဲ့လေ။ တော်တော့်ကို တာဝန်ယူတဲ့ စကားပြောလိုက်တယ်လို့ နားလည်လိုက်ပါတယ်။


ဘုန်းဘုန်းတို့၊ ကိုရင်တို့လည်း ဆွမ်းမရ


ရန်ကုန်လူထုကလည်း အစိုးရကို ဘာမှ အားမကိုးတော့ဘဲ မိုးရွာရင် လုံချည်မ၊ ဘောင်းဘီဆို ခေါက်တင်၊ ဖိနပ်ကို လက်မှာကိုင်ကာ အပေါက်ထဲ မကျအောင် လမ်း အလယ်ခေါင် တည့်တည့် တက်လျှောက်ရတဲ့ အခြေအနေကို ကျင့်သား ရကုန်ကြပါတော့တယ်။


မုန့်ဟင်းခါး တပွဲ ၂၀၀


ဝယ်သူမဲ့ ရေထဲကဆိုင်


ဂျင်းဘောင်းဘီဆိုတော့ မ စရာမလိုတော့


ရေထဲမှာ ကိုယ့်သခင်နဲ့ ပျော်နေတဲ့ ခွေး


ဝိုင်းတွန်းမှ ခရီးရောက်မယ်။ ကားတွန်းလျင် ရွေ့နိုင်ပေမယ့် နအဖကတော့ တွန်းပေမယ့် ခုထိ မရွေ့သေး

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */