ဘိုကလေးမြို့နယ်တွင် ပင်လယ်ရေ အတိုးကြမ်း ကျေးရွာအချို့ ရွှေ့ပြောင်းနေရ

Friday, October 08, 2010 ·

အောင်ထက် | ဘိုကလေးမြို့အပိုင် ရေငန် ဒေသများ ဖြစ်သော အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများတွင် အောက်တိုဘာ (၆) ရက် ည (၁၁) နာရီခန့်မှစ၍ အောက်ရေ (၃) ပေခန့်တိုးပြီး ရေပြင် ရေတိုးကြမ်း နေခြင်းကြောင့် ဘင်္ဂလား ပင်လယ်အော် အနားသတ် ကျေးရွာ အချို့ ရေဘေးကင်းရာသို့ ရွှေ့ပြောင်း နေရကြောင်း ဘိုကလေး မြို့နယ် ဒေသ အာဏာပိုင်တို့ထံမှ သိရသည်။

ထိုသို့ ပင်လယ်ရေပြင် အခြေအနေ မူမှန်မဟုတ်ခြင်းကြောင့် ငါးဖမ်းစက်လေ အသေး၊ အကြီး (၁၅၀) ခန့်သည် ပင်လယ်စပ် ကဒုံကနိကျေးရွာ ကမ်းခြေများသို့ ခေတ္တ၀င်ရောက် နားခိုနေရကြောင်း သိရသည်။

အဆိုပါ အခြေအနေ အပေါ် စက်လှေပိုင်ရှင်တဦးက “ပင်လယ်ပြင်ထဲ ဘယ်စက်လှေမှ နေလို့မရဘူး။ ရေပြင်မှာ လှိုင်းကြမ်းနေတော့ ငါးဖမ်းဖို့လည်း မဖြစ်နိုင်ဘူး။ ဘင်္ဂလား ပင်လယ်အော်မှာ မိုင် (၄၀) နှုန်းရှိတဲ့ လေဖိအားနည်း ရပ်ဝန်းရှိတယ်ဆိုတာ ကျနော်တို့ သူဌေးတွေ ပြောပြထားလို့ သိနေကြပါတယ်။ ခုလို အခြေအနေကြောင့် မော်တော်တွေဟာ ပင်လယ်စပ် ကဒုံကနိဘက်မှာ စက်လှေအုပ်လိုက် ခိုနားနေကြရတယ်” ဟု ပြောသည်။

ကဒုံကနိ၊ ခေတ္တာကျွန်း၊ ကျွန်းသာယာ ကျေးရွာ အုပ်စုများအတွင်း ရယကများက ပင်လယ်ရေ မြင့်တက် နေသည့် အတွက် သတိရှိကြရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးနေကြသည်ဟု သိရသည်။

ထိုသို့ ပင်လယ်ရေမြင့်တက်မှုကြောင့် ကဒုံချောင်းနံဘေးရှိ ကဒုံဈေးအတွင်း (၃) ပေခန့် ရေတက်ခဲ့ပြီး အောက်တိုဘာ (၇) ရက် ညနေ (၄) နာရီခန့်တွင် ပြန်လည် ကျဆင်းသွားသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများအတွင်း ပင်လယ်ရေ တရိပ်ရိပ်တိုးနေပြီး ညနေ (၄) နာရီခန့် ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသည်။

ထို့အတူ ဂွေးချောင်း၊ မရမ်းချောင်းများသို့ ပင်လယ်ရေ တိုးဝင်နေမှုကြောင့် ယင်း ကျေးရွာတို့ကြားရှိ လယ်မြေဧက (၅၀၀) ခန့် ရေငန်ထိုးမည့်အန္တရာယ်ကို ဒေသခံတောင်သူတို့ စိုးရိမ်နေကြသည်။

ယခင်က ည (၇) နာရီ ပုံမှန်ထွက်ခွာလေ့ရှိသည့် ကဒုံ-ဘိုကလေး၊ အေရာ-ဘိုကလေး ခရီးသည်တင် မော်တော် (လိုင်းကောင်) များကိုလည်း အောက်တိုဘာ (၇) ရက် နံနက် (၇) နာရီသို့ အချိန်ပြောင်း၍ ခုတ်မောင်းထွက်ခွာကြရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ အခြေအနေများကြောင့် ကျွန်းသာယာ ကျေးရွာ အုပ်စုမှ ကဒုံးလေး ကျေးရွာနှင့် ဂယက်ကြီး ကျေးရွာများ အတွင်း နေထိုင်သူတို့အား အောက်တိုဘာ (၇) ရက်နေ့ နံနက် ကတည်းက အခြား ရေဘေး ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ခိုင်းထားသည်ဟု ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် ပင်လယ်ရေ အတက်အကျ ကြမ်းနေခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းအချို့ ဝှေ့ယမ်း တိုက်ခတ် နေခြင်းများကြောင့် ပင်လယ်ကမ်းခြေဒေသခံတို့၏ စိုးရိမ်မှုကို ပို၍ ကြီးလေးစေကြောင်း၊ ဘိုကလေး မြို့ပေါ်၌မူ သာမန် မိုးရွာသွန်းမှုသာ ရှိနေကြောင်း ဘိုကလေး မြို့ခံများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */