လပွတ္တာမြို့နယ်အတွင်း စက်လှေမှောက် အသေအပျောက်များ

Thursday, October 07, 2010 ·

မျိုးချစ်သူ | နာဂစ် မုန်တိုင်းဒဏ် အများဆုံး ခံခဲ့ရသော ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အတွင်း ပြီးခဲ့သည့် စက်တင်ဘာ (၆) ရက်နေ့၌ စက်လှေတစီး နစ်မြုပ်သည့် အတွက် လူ (၃၀) ကျော် သေဆုံးကြောင်း လပွတ္တာမြို့ခံ တဦးက ပြောသည်။

အဆိုပါ စက်လှေသည် လပွတ္တာမြို့နယ် ပလူဆိပ်မှ ပြင်စလူရွာသို့ ကျောင်းဘောလုံးပွဲကြည့်ရန်သွားကြသည့် ဆရာဆရာများ၊ ကျောင်းသားများအား တင်ဆောင်လာသည့် စက်လှေဖြစ်ပြီး လပွတ္တာမြို့နယ် ရွေးမြစ်အတွင်း နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စက်လှေနစ်မြုပ်မှုကြောင့် ဆရာမ (၂) ဦးအပါအ၀င် ကျောင်းသူ ကျောင်းသား (၃၀) ကျော်သေဆုံးပြီး (၁၀) ဦးကျော် ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ပြင်စလူရွာမှ ကျောင်းသား မိဘတဦးက ပြောသည်။

“ကျောင်းသားတွေ လေ့လာရေးသွားတာလေ။ အယောက် (၁၀၀) လောက်ရှိမယ်၊ မော်တော်ကသေးတော့ နစ်တာပေါ့။ အသေအပျောက်များတယ်လို့ ကြားရတယ်။ (၃၀) ကျော်လောက် သေပြီးတော့ ပျောက်နေတာ (၁၅) ယောက်လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

အသေအပျောက် အရေအတွက် အတိအကျကို အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မပြုသေးသော်လည်း စက်တင်ဘာ (၇) ရက်နေ့ထုတ် ရန်ကုန်အခြေစိုက် ဆင်ဟွာသတင်းတွင် အနည်းဆုံးလူပေါင်း (၂) ဒါဇင် သေဆုံးကာ ပျောက်ဆုံးသူ အများအပြားရှိကြောင်း ဖော်ပြသည်။

စက်လှေ နစ်ရခြင်းသည် ၀န်အား မမျှခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ပြင်စလူ ကျေးရွာသား တဦးက “လူအယောက် (၁၀၀) လောက်ဆန့်တဲ့ စက်လှေမရှိလို့ ကြုံတဲ့ စက်လှေနဲ့သွားရလို့ လူအရေအတွက်နဲ့ မမျှဘဲ ဖြစ်သွားတာလို့ပဲ ပြောရတော့မယ်” ဟု ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လပွတ္တာ မြို့နယ် မယကသို့ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားရန် ငြင်းပယ်ခဲ့သည်။

ယခုအခါ စက်လှေ နစ်မြုပ်သည့် နေရာတွင် သက်ဆိုင်ရာ အာဏာပိုင်များက မော်တော်ဘုတ် များဖြင့် ပျောက်ဆုံး နေသူများအား ရှာဖွေပေးနေကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွင် အနီးမှ ကျေးရွာ အချို့ကလည်း ပါဝင်ဆောင်ရွက်နေကြကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */