ဦးတေဇ လေကြောင်းလိုင်းသစ် ဖွင့်ရန်စီစဉ်

Friday, October 08, 2010 ·

ဧရာဝတီ | စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်းမည့် Asia Wing ဟု အမည် ပေးထားသော လေကြောင်းလိုင်း အသစ် တခု ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။


ဦးတေဇပိုင် Air Bagan လေယာဉ်နှင့် လေယာဉ်မယ်များ (ဓာတ်ပုံ - AP)
ဦးတေဇ အနေဖြင့် Sun Far ကုမ္ပဏီ နှင့် ပူးပေါင်း၍ လေကြောင်း လိုင်းသစ် ထပ်မံ ဖွင့်လှစ် ရခြင်းမှာ ၎င်းပိုင်ဆိုင်သည့် Air Bagan (အဲပုဂံ) လေကြောင်း လိုင်းကို အမေရိကန် နှင့် ဥရောပသမဂ္ဂ နိုင်ငံများက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားမှုကို ရှောင်ရှားနိုင်ရန် ထပ်မံ တည်ထောင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေး သမား များက ဧရာဝတီသို့ ပြောသည်။

မကြာသေးမီကလည်း စီးပွားရေး ပိတ်ဆို့ အရေး ယူမှုကြောင့် ဦးတေဇ၏ Air Bagan လေကြောင်း လိုင်းမှ လေယာဉ်နှင့် ပတ်သက် သည့် အပိုပစ္စည်းများ ၀ယ်ယူ မရရှိသည့် အတွက် ယင်း လေကြောင်းလိုင်းကို ပြန်လည် ရောင်းချတော့မည် ဆိုသည့် သတင်းများ လည်း ထွက်ပေါ်ခဲ့သေးသည်။

အမေရိကန် အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်အစိုးရအဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။

ဦးတေဇနှင့် နီးစပ်သူ တဦးကမူ“ဦးတေဇကတော့ အခက်အခဲ ဘယ်လိုရှိရှိ အဲပုဂံ လေကြောင်းလိုင်းကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ ၃၈လမ်းရှိ Sun Far ကုမ္ပဏီသို့ လေကြောင်းလိုင်းအသစ် ဖွင့်မည့်သတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တာဝန်ခံတဦးက လေကြောင်းလိုင်းအသစ် ပြေးဆွဲမည့် သတင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားသည်။

Sun Far Travels & Tours Co., Ltd ကုမ္ပဏီကို ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Air China ၊ Air Mandalay ၊ Myanmar Airways International(MAI) ၊ Biman Bangladesh Airlines ၊ India Airlines ၊ Malaysia Airlines ၊ Mandarin Airlines ၊ Silk Air စသည့် လေကြောင်းလိုင်းများ၏ လက်မှတ်များကို ရောင်းချပေးသည့် ကုမ္ပဏီတခုဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေသည့် ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်၏ အွန်လိုင်း စာမျက်နှာတွင်လည်း Asia Wing အမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တခုကို ခရီးသွားလုပ်ငန်း လုပ်ကိုင် နေသည့် နိုင်ငံသားပိုင် ကုမ္ပဏီ တခုက လုပ်ကိုင် ရန် ရှိကြောင်း၊ ၎င်းခရီးသွားလာရေး ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုနှင့် ဆက်သွယ်မှုရှိကြောင်း ရေးသားထား သည်။

ထို့အပြင် Air Bus အမျိုးအစား လေယာဉ်ကို ၀ယ်ယူထားကြောင်း ရေးသားထားပြီး အရေအတွက် ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိသည်။

မကြာသေးမီကလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်တို့ကို အဲ အင်းလေး ဆိုသည့် လေကြောင်းလိုင်းသစ် တခု ဖွင့် လှစ်ခွင့် ပြုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */