အင်ဒိုနီးရှား အမှားကို သင်ခန်းစာယူဖို့ မြန်မာကို လူ့အခွင့်အရေး အဖွဲ့ သတိပေး

Tuesday, August 17, 2010 ·

RFA | မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်း အမှားကို မလိုက်ဖို့ သတိပေး လိုတယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေး အဖွဲ့ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဂျာမင်က ပြောကြား လိုက်ပါတယ်။ မြန်မာပြည်ဟာ အင်ဒိုနီးရှားပြုခဲ့တဲ့ အမှားမျိုးတွေကို ထပ်မလုပ်မိအောင် သင်ခန်းစာယူ ရှောင်ကွင်း နိုင်ပါတယ်၊ အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ အတွက် တရားမျှတအောင် မဆောင်ရွက် နိုင်ခဲ့ပဲ ဖြစ်ခဲ့ရတယ်၊ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့ သူတွေဟာ အစိုးရအဖွဲ့မှာ ထိပ်တန်း နေရာတွေ ရနေကြပြီလို့ ရာဖန်ဒီ ဂျာမင်က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
သူဟာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ အင်ဒိုနီးရှား နိုင်ငံ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်၊ ရာဖန်ဒီ ဂျာမင်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ် ကင်တားနားနဲ့ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံခဲ့စဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်၊ မစ္စတာ ကင်တာနား ဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ လူ့ အခွင့်အရေး တိုးတက် ထွန်းကားအောင် ဆောင်ရွက် နေပုံ နဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင် ကူးပြောင်း ပုံတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

source by : RFA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */