ရှမ်းပြည် ရထားလမ်းဖောက်မှု စစ်ရေး အတွက်သာဖြစ်

Wednesday, August 18, 2010 ·

ရန်ပိုင် | ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးနဲနှင့် အရှေ့ပိုင်းရှိ ကျိုင်းတုံ ဒေသကို ဆက်သွယ်မည့် ရထားလမ်းကို စစ်အစိုးရက ဖောက်လုပ်နေ ခြင်းသည် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ စေရန်ထက် အပစ်ရပ် အဖွဲ့များအပေါ် စစ်ရေးပြင်ဆင်မှု အတွက်ဖြစ်သည်ဟု ရှမ်း လူ့အခွင့်ရေး အဖွဲ့များက ပြောဆိုလိုက်သည်။

ဤရထားလမ်း ဖောက်လုပ် ခြင်းကြောင့် ဒေသခံ ပြည်သူများ လယ်မြေဧက ထောင်ချီ၍ အသိမ်းခံခဲ့ရပြီး တိုင်ကြားလျှင် ထောင်ချပစ်မည် ဆိုသည့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) နှင့် ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင် (SHRF) တို့မှ ယနေ့ ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။

SWAN အဖွဲ့မှ ယိင်းဟန်ဖက “ဒီရထားလမ်းဟာ ခရီးသည်တွေ အတွက် မဟုတ်ပါဘူး။ စစ်တပ်ရဲ့ တင့်ကားတွေ အမြောက်တွေ သယ်ဖို့ပါ” ဟု ပြောသည်။

အဆိုပါ ရထားလမ်းသည် စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် ဖိအားပေး ခံနေရသည့် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် ထားသည့် မြောက်ပိုင်း ဒေသနှင့် တောင်ပိုင်း ဒေသကို ပိုင်းခြားထား လိုက်ခြင်း ဖြစ်ပြီး ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (SSA-S) အဖွဲ့ အပါအ၀င် တခြားတိုင်းရင်းသားအဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက် ပါက စစ်ရေး အထောက်အပံ့ ပစ္စည်းများ လွယ်ကူလျှင်မြန်စွာ သယ်ယူနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

မိုးနဲ ဒေသတွင် မီးရထားလမ်း ဖောက်လုပ်ရန်အတွက် လယ်မြေများကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ကြောင်း၊ ထို့အပြင် ရထားလမ်း ဖောက်လုပ်မည့် လမ်းကြောင်းနှင့် ဆက်စပ်နေသည့် စိုက်ပျိုးမြေများကို ရေသွင်းခြင်းမရှိစေရန် မြို့နယ် အာဏာ ပိုင် များက တားမြစ်ထားကြောင်း၊ ဆုံးရှုံးခဲ့သည့် မြေဧကမှာ ၁၀၀၀ ကျော်ရှိပြီး မိုးနဲဒေသရှိ မြေနိမ့်စိုက်ပျိုးမြေ၏ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လယ်သမားများ၏ ဆုံးရှုံးရသည့် ငွေပမာဏမှာ ကျပ်ငွေ သိန်း ၂၅၀ ခန့် (အမေရိကန်ဒေါ်လာ ၂၅၀၀၀) ရှိကြောင်း သိရသည်။

စစ်အစိုးရက မိုးနဲနှင့် နမ့်စန်အကြားတွင်လည်း ၄၄ကီလိုမီတာရှည်သည့် ရထားလမ်းတခုကို ယခင်က ဖောက်လုပ်ခဲ့ သော်လည်း အချိန်တိုအတွင်း အမြန်တည်ဆောက်ခြင်းကြောင့် အရည်အသွေး မကောင်းဘဲ ရထားလမ်းပိုင်းများ တည်ဆောက် ထားသည့် တာပေါင်များ ပြိုကျခြင်း၊ လမ်းချော်ခြင်းများ မကြာခဏဖြစ်ပွားခဲ့သည်။ထို့ကြောင့် ရထားဖြင့် ခရီးသွားလာသူ အနည်းအကျဉ်းသာရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် မိုင်းခုတ်ဒေသမှ ထွက်ရှိသည့် ကျောက်မီးသွေးများကိုလည်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်သို့ တင်ပို့ရန်လည်း စစ်အစိုးရက စီစဉ်ထားသည်ဟု သိရသည်။

SHRF အဖွဲ့မှ ပင်ခမ်းက“စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကတဆင့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်လာမယ်လို့ ပြောနေ တယ်။ တကယ်လက်တွေ့မှာ စစ်ပြင်နေတာပဲ။ အိမ်နီးချင်းတွေအနေနဲ့ ဒီစစ်ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ သင့်မသင့် စဉ်းစားဖို့ ကောင်းတယ်”ဟု ဆိုသည်။

ယခု တည်ဆောက် နေသည့် ရထားလမ်းကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြီးကြပ် နေခြင်း ဖြစ်ပြီး သံလွင်မြစ်ကို ဖြတ်၍ ရထားလမ်း တည်ဆောက်ခြင်းသည် ယခုတကြိမ် ပထမဆုံး ဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */