မြန်မာကျပ်ငွေ (၅,၀၀၀) တန်ကို အစိုးရရုံးများ လက်မခံ

Monday, August 16, 2010 ·



မြတ်ခိုင်ဦး | မြန်မာအစိုးရက ယမန်နှစ် အောက်တိုဘာ (၁) ရက်မှ စတင်ထုတ်ဝေ သုံးစွဲနေသော (၅,၀၀၀) ကျပ်တန်ငွေကို အစိုးရရုံးများက လက်မခံကြကြောင်း သိရသည်။

ယနေ့နံနက်က ပဲခူးမြို့၊ သနပ်ပင်လမ်းရှိ၊ စာတိုက်ဝင်းအတွင်းမှ ဆက်သွယ်ရေးရုံးသို့ ဖုန်းကျသင့်ငွေ သွားရောက်သွင်းသူ တဦးက ပေးချေသည့် ငွေ (၅,၀၀၀) ကျပ်တန်ကို ငွေသွင်းကောင်တာမှ လက်မခံသဖြင့် အခြားငွေဖြင့် အစားထိုး ပေးသွင်းခဲ့ရသည်ဟု မျက်မြင် ပဲခူးမြို့ခံတဦးက ပြောသည်။
အဆိုပါသူ ပေးသွင်းသော ငွေ (၅,၀၀၀) ကျပ်တန်တွင် A ဆိုသော စကားလုံး ရေးမှတ်ထား၍ ဆက်သွယ်ရေးဝန်ထမ်းက လက်မခံခြင်းဖြစ်သည်ဟု အဆိုပါမြို့ခံက ပြောသည်။

ဆက်သွယ်ရေးရုံးများသည် (၅,၀၀၀) ကျပ်တန်အား ထောင်မလဲသဲကော်ဟု ခေါ်ဆိုသည့် ငွေစက္ကူအသစ်ကိုသာ လက်ခံပြီး အစွန်းအထင်းပါလျှင်၊ အမှတ်အသားပါလျှင် လက်မခံကြောင်း၊ အစိုးရထုတ်ဝေသော ငွေကြေးကိုပင် အစိုးရရုံးများနှင့် ဘဏ်များကပါ လက်မခံသဖြင့် သုံးစွဲသူ ပြည်သူများ အခက်တွေ့ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ (၅,၀၀၀) တန် ကျပ်ငွေစက္ကူသည် (၅၀၀) ကျပ်တန်နှင့် အရွယ်အစားဆင်တူခြင်း၊ အရောင် မတိမ်းမယိမ်း ရှိခြင်းတို့အပြင် (၅,၀၀၀) တန်သည် ငွေတန်ဖိုး မြင့်မားသည့်အတွက် သုံးစွဲရန် ကိုင်ဆောင်သူနည်းသည်ဟု သိရသည်။


သုံးစွဲသူအများစုမှာလည်း လဆန်းငွေထုတ်ပြီးကာလနှင့် လကုန်ရက်ငွေပြတ်သည့် ကာလများတွင်သာ စုဆောင်းထားသည်များကို ထုတ်၍ သုံးစွဲလေ့ရှိကြောင်း သိရသည်။

ယခုလက်ရှိသုံးစွဲနေသော (၂၀၀) တန်ငွေစက္ကူကိုလည်း ပလတ်စတစ်ပိုက်ဆံဟု ခေါ်ဝေါ်နေကြသည်။ (၂၀၀) တန် ငွေစက္ကူများသည် အလွန်အမင်းဟောင်းနွမ်း စုတ်ပြတ်နေပြီဖြစ်၍ ခေါင်းဘက်တခြမ်းသာ အလှထား၍ ကျောဘက်အခြမ်းကို ပလာစတာများကပ်၍ သုံးရသည့်အတွက် ပလတ်စတစ်ပိုက်ဆံဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

မူရင်းတန်ဖိုးမှာ (၂၀၀) ကျပ် ဖြစ်သော်လည်း လူတိုင်းက (၃၀၀) တန်သည်ဟု ပြောဆိုကြသည်။

“ပိုက်ဆံက မူလတန်ဖိုး (၂၀၀) တန်ပေမယ့် အစုတ်အပြဲဖာရတဲ့ တိတ်ဖိုးက (၁၀၀) တန်တော့ (၃၀၀) တန် ဖြစ်လာတာ” ဟု ရန်ကုန်သားတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် (၅၊ ၁၀၊ ၂၀၊ ၅၀) ကျပ်တန်များမှာ အလွန်ရှားပါးသွားပြီဖြစ်ကာ ၎င်းတို့အထက်ဖြစ်သော (၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁,၀၀၀) နှင့် (၅,၀၀၀) တန် ငွေစက္ကူများသာ ဈေးကွက်အတွင်း လည်ပတ်နေသည်။

source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */