မြ၀တီ ညဈေးအနီး ဗုံးကွဲ

Saturday, August 07, 2010 ·


VOA| ဒီကနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲလောက်မှာ ထိုင်း-မြန်မာ နယ်စပ် မြို့ဝတီမြို့က မြို့တွင်း အဓိက လမ်းမကြီးပေါ်မှာရှိတဲ့ ညဈေးအနား ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ညနေပိုင်းဖွင့်တဲ့ ဈေးဆိုင်တွေကို လာကြတဲ့သူတွေအတွက် ဆိုင်ကယ်နဲ့ စက်ဘီးများအပ်နှံရာ နေရာအနီး ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ဒီပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ည ၈ နာရီခွဲလောက်မှာ။ ညဈေးရှေ့၊ ညဈေး ဆိုတာက မြို့လယ်ခေါင်ဈေးပေါ့။ လမ်းမဈေးပေါ့။ ဖောက်ဖောက်ချင်း လူကြီးတွေက ရောက်လာပြီးတော့ လမ်းပိတ်ထားတော့ အနားက မပေးကြည့်ဘူး။ အသံကြီးကတော့ တုန်ခါသွားတာပေါ့။ လူကတော့ ထိတယ်၊ တစစီ ဖြစ်ကုန်တယ်။ မိုင်းကပြင်းတော့ ထိတဲ့သူတွေ အူတစ အသားတစ ဖြစ်ကုန်တယ်။ လူစည်ကားတဲ့နေရာဆိုတော့။”


မြ၀တီမြို့ခံ ပြောပြခဲ့တာပါ။ အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ညဈေးဟာ လူစည်ကားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ခုချိန်ထိတော့ ဘယ်လောက် သေဆုံးမှုရှိသလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။ အခုပေါက်ကွဲတဲ့နေရာကို ဒေသခံ အာဏာပိုင်တွေ ရောက်နေကြပြီး လမ်းတလျောက် စစ်ဆေးမှုတွေလည်း ပြုလုပ်နေကြသလို အများပြည်သူ သွားရောက်ကြည့်ရှုဖို့ကိုလည်း ပိတ်ပင်ထားတယ်လို့ မြ၀တီမြို့ခံတွေက ပြောပါတယ်။

source by :VOA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */