ပြည်ပတင်ပို့မှု ပိတ်၍ ကြက်သွန်ဈေး ပြုတ်ကျ

Wednesday, August 04, 2010 ·

ခင်ဦးသာ | ကြက်သွန် ပြည်ပ တင်ပို့မှုကို အဏာပိုင်များက အကြောင်းပြချက် တစုံတရာမရှိဘဲ ပိတ်ပင်ထား သောကြောင့် ဈေးနှုန်းများ အဆမတန် ကျဆင်း နေကြောင်း သိရသည်။

“ကြက်သွန်တွေ export တရားဝင် မလုပ်ရတာ အတော်ကြာပြီ၊ အောက်လမ်းက သွားနေတာတော့ နည်းနည်းရှိတယ်၊ နောက်ထပ်၂ လလောက်ကြာရင်တော့ ကြက်သွန်တွေတောင်ပုံ၊ ယာပုံလွှင့်ပစ်ရတော့မယ်”ဟု ရန်ကုန်မြို့ဘုရင့်နောင် မှ ကြက်သွန် ပွဲရုံ ပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ကြက်သွန်ဈေး ဆက်တိုက် ကျဆင်းနေခြင်းကြောင့် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ ဈေးဆိုင်တချို့တွင် ကျပ် ၁၀၀၀ နှင့် အထက် ဈေးဝယ်သူများကို ကြက်သွန် တပိဿာ မေတ္တာ လက်ဆောင်ပေးနေသည်ဟု သိရသည်။

“ကျမတို့ ရွေပြည်သာဘက်မှာ ဈေးများများဝယ်တဲ့လူတွေကို ကြက်သွန်နီ အထုပ်လေး လက်ဆောင်ပေးပါတယ်၊ ဒါပေမယ့် တပိဿာတော့ မရှိဘူး၊ အဲဒီလိုပေးတာ တလလောက်ရှိပြီ”ဟု ရွှေပြည်သာမြို့နယ် (ထ)ရပ်ကွက်မှ အိမ်ရှင်
မ တဦးကပြောသည်။

ကြက်သွန်သည် မီးဖိုဆောင်သုံး ပစ္စည်းများအနက် နေ့စဉ် မသုံးမဖြစ် အရာဖြစ်၍ ဈေးကျဆင်းမှုသည် စားဝတ်နေရေး ကျပ်တည်း နေကြသည့် ပြည်သူများအတွက် ၀မ်းသာစရာ ကောင်းကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကြက်သွန်ဈေး နှုန်းသည် မေ နှင့် ဇွန်လ များတွင် တပိဿာ ကျပ် ၅၀၀ ၊ ၄၅၀ ၊ ၄၀၀ စသည်ဖြင့် အသီးသီးရှိခဲ့ရာမှ ယခု ကျပ် ၂၀၀ နှင့်အောက်တွင် ရောင်းချနေကြကြောင်း၊ တောင်သူများ လက်ဝယ်တွင်လည်း ကြက်သွန်များ ရှိနေပြီး ဈေးနှုန်းမှာ စိုက်ပျိုးမှု ကုန်ကျ စရိတ်အောက် ရောက်နေကြောင်း ၊ စိုက်ပျိုးစရိတ်မှာ တပိဿာ ကျပ် ၂၀၀ ၀န်း ကျင်ကုန်ကျကြောင်း မကွေးတိုင်း ပခုက္ကူ မြို့ ဒေသခံ တောင်သူတဦး က ပြောဆိုသည်။

“ကျနော်တို့ ကြက်သွန်စိုက်တဲ့ လူတွေက ဈေးတက်တာပဲဖြစ်၊ ကျတာပဲဖြစ် အကျိုးခံစားရတာ နည်းပါတယ်၊ အကျိုးရှိသူ တွေက ကုန်သည်ပွဲစားတွေပါ၊ စိုက်ပျိုးစရိတ် ငွေကြိုချေးရတဲ့ အခါကျရင် ထွက်တဲ့ကြက်သွန် အကုန်လုံးနီးပါးကိုပြန်ပေး လိုက်ရတဲ့အခါလည်း ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန် ဘုရင့်နောင် ပွဲရုံသို့ နယ်ဒေသ အသီးသီးမှ တနေ့ ကြက်သွန်ကား စီးရေ ၂၀ ၀န်းကျင် ပုံမှန်ဝင် နေကြောင်း၊ ကြက်သွန် ပွဲရုံတိုင်းတွင် ကြက်သွန်များ ပေါများနေပြီး ၀ယ်လက် ရှားပါးနေကြောင်း၊ ဘုရင့်နောင် ပွဲရုံမှတဆင့် နယ်စပ်ဂိတ် များမှ နေ့စဉ် ကြက်သွန် ကားစီးရေ အနည်းငယ်စီ ထွက်လေ့ ရှိသော်လည်း ယခုအခါ ထိုင်းနယ်စပ် ပြဿနာကြောင့် ထိုင်း နိုင်ငံသို့ တင်ပို့မှု လုံးဝနီးပါး ရပ်ဆိုင်း သွားကြောင်း၊ ဘုရင့်နောင် ပွဲရုံ၊ ရေတမာလမ်းမှ ပွဲရုံပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတား ပိတ်ပြီး နောက်ပိုင်းတွင် တရားဝင်ကုန်သွယ်မှုကို ပိတ်ထားခဲ့သော်လည်း နယ်စပ်ဂိတ် ပေါက်တချို့က ကုန်အ၀င်အထွက် အနည်းငယ်စီ ရှိကြောင်း၊ ထိုကုန်စည်များတွင် ကြက်သွန်အိတ်များ ပါလာပါက အာဏာပိုင်များက လုံးဝပေးမသွားကြောင်း မြ၀တီမှ ကုန်သည်တဦးက ပြောသည်။

“ကြက်သွန်ကလွဲရင် ပစ္စည်းစုံပဲ နားလည်မှုယူပြီး အတင်အပို့ လုပ်နေကြတာပဲ၊ ကြက်သွန် တခုတည်းကို ရွေးပြီး ဘာကြောင့် ပိတ်လဲတော့ အသေအချာ မသိဘူး”ဟု ၎င်းက ဆက်ပြောသည်။

မြ၀တီမြို့ထဲတွင်လည်း ကြက်သွန်တင် ကားများ တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းနေကြောင်း သိရသည်။

ကြက်သွန် ပြည်ပ တင်ပို့မှု ရပ်တန့်ထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကြက်သွန် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ထိုကိစ္စမှာ ဖြေပိုင်ခွင့်မရှိ ဟု ပြောဆိုပြီး စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီး ဌာနမှ တိုက်ရိုက်ကိုင်တွယ် လုပ်ဆောင်နေကြောင်း ဖြေကြားသည်။

ကြက်သွန်ဈေး အဆမတန်ကြီးခြင်း၊ ဈေးကျခြင်း၊ ရှားပါးခြင်း တို့ကို ပြီးခဲ့သည့်နှစ် အနည်းငယ်က မကြာခဏ ကြုံတွေ့ခဲ့ရ သော်လည်း စစ်အစိုးရတာဝန်ရှိသူများက တာဝန်ရှိရှိ မည်သည့်အခါမှ ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း၊ အမိန့်အာဏာဖြင့်သာ ပို့ကုန် သွင်းကုန် လိုင်စင် ပိတ်သိမ်းခြင်း၊ ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်လေ့ ရှိကြောင်းကုန်သည် တဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဇူလိုင်၊ သြဂုတ်လ တို့တွင် ပြည်တွင်း၌ ကြက်သွန် ရှားပါးပြတ်လပ်မှုနှင့်ကြုံတွေ့ခဲ့ရပြီး တပိဿာ ကျပ် ၁၈၀၀ ၊ ၁၉၀၀ အထိရှိခဲ့သည်ဟု ပြည်တွင်း သတင်းဂျာနယ်များတွင် ရေးသားသည်။

ယခု လက်ရှိ ကြက်သွန်ဈေးနှုန်းမှာ အကောင်းစား တပိဿာ ၁၉၅ ကျပ်၊ အလတ်စား ၁၄၀ ကျပ်၊ ၁၁၀ ကျပ်၊ အညံ့စား ၈၀ ကျပ် စသည်ဖြင့် ရောင်းချနေကြကြောင်း ရန်ကုန်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ထိုသို့ ကြက်သွန် ဈေး အဆမတန် ကျဆင်းသွားခြင်းမှာ ပြည်ပတင်ပို့မှု ရပ်ဆိုင်းနေသည့်အတွက်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကြက်သွန်များကို ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကိုတင်ပို့လေ့ ရှိကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */