မလေးရှားရောက် ရခိုင်များ UNHCR ကို ဆန္ဒပြ

Tuesday, June 08, 2010 ·

ဘစောတင် | မလေးရှား နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် မြန်မာ တိုင်းရင်းသားချင်း တူသော်လည်း ရခိုင်နှင့် ဗမာများကို ဒုက္ခသည် အဖြစ် အသိအမှတ် မပြုသောကြောင့် ရခိုင် ဒုက္ခသည်များက ယနေ့နံနက် ၈ နာရီ မှစ၍ ဆန္ဒ ပြခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှား UNHCR သည် ချင်း၊ မွန်၊ ကချင်စသော တခြား မြန်မာတိုင်းရင်းသားများကို ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုသော်လည်း ရခိုင်နှင့် ဗမာလူမျိုး ၂ မျိုးကို ချန်လှပ်ထားသည့်အပေါ် မကျေနပ်သဖြင့် ယခုကဲ့သို့ ဆန္ဒပြရကြောင်း သိရသည်။

ယနေ့ ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သူ ကိုညီချေက “တခြား လူမျိုးတွေကို လူဦးရေ ထောင်နဲ့၊ သောင်းနဲ့ ချီပြီး ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေမယ့်လည်း ကျနော်တို့ကျတော့ ဘာလို့ ခွဲခြား ဆက်ဆံရတာလဲ။ ဒါကို သိချင်လို့ ဒီနေ့ ဆန္ဒသွားပြကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က လျစ်လျူ ရှုထားသည်မှာ နှစ်အတန်ကြာပြီ ဖြစ်ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ပင် မပေးကြောင်း သိရသည်။

ထို့အပြင် မလေးရှား ထိန်းသိမ်းရေး စခန်းများအတွင်းရှိ အဖမ်းဆီးခံများ၊ ထောင်ကျနေသူများကိုပင် အကူအညီ မပေးတော့ကြောင်း ဆန္ဒပြသူ ကိုအာနိုးကပြောသည်။

“မလေးရှားမှာ ဖမ်းလို့ ထောင်တွေ၊ Camp တွေမှာ ထိန်းသိမ်းခံရပြီဆိုရင် UN က လာပြီး အကူအညီ ပေးလေ့ရှိတယ်။ တခြား တိုင်းရင်းသားတွေဆိုရင် UN ၀င်ခွင့်ရအောင် လုပ်ပေးကြတယ်။ ကျနော်တို့ကျတော့ လာတောင်မတွေ့တာများတယ်။ ကျနော်တို့လည်း တခြား တိုင်းရင်းသားတွေလိုပဲ စစ်အစိုးရရဲ့ မတရား ဖိနှိပ်မှုကို ခံနေရတဲ့သူတွေပဲ။ ဒီလို ခွဲခြား ခံရတာ ကတော့ မကောင်းဘူးထင်လို့ ဒီနေ့ ဆန္ဒ၀င်ပြတာ” ဟု သူက ဆက်ပြောသည်။

မလေးရှားရှိ UNHCR သည် မြန်မာ တိုင်းရင်းသားများ အကြားတွင် လူမျိုးရေး ခွဲခြားရုံမက ဘာသာရေး အရပါ ခွဲခြား ဆက်ဆံမှု ပြုလုပ်နေသည်ဟု ဗမာဒုက္ခသည် ကယ်ဆယ်ရေးအသင်း (BRO) မှ ဥက္ကဌ ဦးမောင်လှက ပြောသည်။

“ကျနော် သိထားသလောက် ပြောရရင် သူတို့က တိုင်းရင်းသား တွေကို ဦးစားပေးတယ် ဆိုပေမယ့် တကယ်က သူတို့ စိတ်ထဲက မကြိုက်တဲ့ လူကို မပေးဘူးဗျ။ မှန်တာပြောတဲ့ လူကိုဆို မပေးဘူး။ နောက်တခုက ဘာသာရေး ခွဲခြားမှု ရှိတယ်။ UNHCR အရာရှိ ကိုယ်တိုင် ပါးစပ်က ထုတ်ပြောတာ။ Camp ထဲမှာရော၊ ထောင်ထဲမှာပါ ပြောတယ်။ မင်းတို့က ဗုဒ္ဓဘာသာတွေ၊ မင်းတို့က မြန်မာပြည်ကို ပြန်လို့ ရတယ်၊ မင်းတို့ကို မပေးဘူးလို့ကို ပြောတာ” ဟုသူက ဆိုသည်။

သို့သော် တချို့သော ဗမာနှင့် ရခိုင် တိုင်းရင်းသား များသည် တခြား တိုင်းရင်းသား အဖွဲ့ အစည်းများသို့ ငွေပေး ၀င်ရောက်ကာ UNHCR သို့ လျှောက်ထားပါက ဗုဒ္ဓဘာသာ ဖြစ်သော်လည်း လက်ခံသည်ကို တွေ့ ရှိ ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“မလေးရှား UN က အခု နောက်ပိုင်း ရခိုင်ကို မပေးတာက ရခိုင်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင် ချင်းလည်း တူတယ်၊ ရုပ်ရည် လက္ခဏာလည်း သိပ်ကွာဟမှုမရှိဘူးလို့ ပြောတယ်” ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင် ဒုက္ခသည် မဟာမိတ်များ အဖွဲ့ချုပ် AAR မှ ဒုဥက္ကဌ ကိုခိုင်ထက်နိုင်က ပြောသည်။

ယင်းသို့ ခွဲခြား ဆက်ဆံ ခံနေခြင်းကို မီးမောင်း ထိုးပြသည့် အနေဖြင့် ဗမာဒုက္ခသည် ကယ်ဆယ်ရေး အသင်း BRO က “ဒုက္ခသည် အခွင့်အရေး လက်စွဲ” အမည်ရှိ စာအုပ် တအုပ်ကို မကြာမီ ဖြန့်ဝေသွားရန် စီစဉ် နေကြောင်း သိရသည်။

အဆိုပါ စာအုပ်နှင့် ပတ်သက်၍ ရေးသားပြုစုသူ ဘလော့ဂါ ကိုအလင်းဆက်က “လူတွေက ဒုက္ခသည်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဘယ်လိုလူတွေဟာ ဒုက္ခသည် လျှောက်ထားခွင့်ရှိသလဲ ဆိုတာတောင် ကျကျနန နားမလည်ကြဘူး။ တကယ်လို့ ဒီစာအုပ်ကို လူတွေက ဖတ်ကြမယ် ဆိုရင် UNHCR က ခွဲခြား ဆက်ဆံရင်တောင် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တောင်းတတ် လာမယ်။ ဒီစာအုပ်ရဲ့မူရင်းကလည်း UNHCR ကိုယ်တိုင် တကမ္ဘာလုံးကို ဖြန့်ချိထားတဲ့ Protecting Refugee Question and Answer စာအုပ်ကို ဘာသာ ပြန်ထားတာပါ။ အဲဒီစာအုပ်ထဲမှာမှ မလေးမှာ ခွဲခြားမှုရှိတာတချို့ကို ထည့်သွင်းဖော်ပြထားတာပါ´ ဟု ရှင်းပြသည်။

ယနေ့ နံနက်ပိုင်းက ဆန္ဒပြရာသို့ ကိုယ်ဝန်ဆောင်များ အပါအ၀င် ရခိုင်တိုင်းရင်းသား ၆၀ ၀န်းကျင်ခန့်တို့ လာရောက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ရခိုင် ဒုက္ခသည် မဟာမိတ်များ အဖွဲ့ ချုပ် ဒုဥက္ကဌ ကိုခိုင်ထက်နိုင်၏ ပြောပြချက်အရ မလေးရှား နိုင်ငံတွင် UNHCR ရရှိပြီးသား ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ရှိပြီး လျှောက်ထားလိုသူ ၂၀၀၀၀ ခန့်ရှိကြောင်းသိရသည်။

မလေးရှား နိုင်ငံတွင် မြန်မာ နိုင်ငံသား သိန်းနှင့် ချီ၍ နည်းမျိုးစုံဖြင့် ခိုလှုံနေထိုင်ကာ အလုပ်လုပ်လျှက်ရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */