နအဖ တပ် ကို KNU ခြုံခိုတိုက်၊ ၁၂ ဦး ကျဆုံး ၂၂ ဦး ဒဏ်ရာရ

Sunday, June 13, 2010 ·


ဘစောတင် | မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ ဝင်များ မကြာသေးခင်က တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူရပ်မြို့ နယ်အတွင်း၌ နအဖ စစ်တပ် ယဉ်တန်းတခုကို ဇွန်လ ၁၀ ရက်နေ့ က KNU တပ်ဖွဲ့ ဝင်များက ခြုံခို တိုက်ခိုက်လိုက် သောကြောင့် နအဖ တပ်ဖွဲ့ ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကြောင်း KNU ပြောသည်။

“နအဖတပ် ခမရ ၄၀၁ နဲ့ ခမရ ၄၀၉ က စစ်ကြောင်းနှစ်ခုက ဗျူဟာမှူး အပြောင်းအရွှေ့ မှာ လမ်းလုံခြုံရေးလာယူတာကို ကျနော် တို့ဘက်က အမြင့်ကနေ လက်ပစ်ဗုံးနဲ့ ခြုံခိုတိုက်ခိုက်လိုက်တာဖြစ်တယ်၊ စစ်ကားတစီးပေါ်ကို တည့်တည့်မတ်မတ် ကျသွားလို့ စစ်သား ၁၁ ယောက်သေပြီး ၂၀ ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်”ဟု KNU/KNLA တပ်မဟာ (၆)မှ ပြောခွင့်ရပုဂ္ဂိုလ် ဖဒိုစောထဲနေက ဧရာဝတီသို့ ပြောပြသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်ရှိ ဂျပန်တောင် စခန်းရှေ့ သို့ ရောက်ရှိလာသော အဆိုပါ ယဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၆ က တပ်စုမှူး ဖိုးထွန်းနှင့် တပ်သားတယောက်က လက်ပစ်ဗုံး၊ M-79 လက်နက်များဖြင့် တောင်ပေါ်မှနေ၍ ပစ်ချလိုက်သောကြောင့် ယဉ်တန်းကိုထိကာ ယဉ်ပေါ်တွင်ပါလာသော စစ်လက်နက်များ ထပ်မံပေါက်ကွဲသဖြင့် ယခုကဲ့သို့ အကျအဆုံးများသွားခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ထပ်ဆင့်ပြောသည်။

ဒဏ်ရာရရှိသူများကို သံဖြူဇရပ်မြို့ နယ် ပြည်သူ့ ဆေးရုံနှင့် ခလရ (၆၂) တပ်ရင်းဆေးရုံတွင် ကုသလျက်ရှိသည်ဟု စစ်တပ် အသိုင်းဝိုင်းမှ သတင်းများအရသိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ဆေးရုံတွင် နောက်ထပ် စစ်သားသုံးဦး ထပ်မံသေဆုံးသွားသည်ဟုလည်း ကြားသိရသည်။

နအဖက မေလ ၁၇ ရက်နေ့ တွင် KNU ကို တိုက်ခိုက်ရန်အတွက် စီစဉ်နေသောကြောင့် နအဖစစ်ကြောင်းကို ဦးကျိုးသွားစေရန် ကြိုတင် ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ဆိုသည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ကပင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသ မြိုင်သာယာရွာအနီးတွင် ရှေ့ တန်းပြန် နအဖ စစ်တပ် ခမရ ၂၈၄ တပ်ရင်း စစ်ကြောင်းကို KNLA တပ်ရင်း ၁၆ မှ ခွဲ ၂ တပ်စုမှူး နားပိုးဦးစီးသော တပ်စုမှ ရှေ့ ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ သောကြောင့် နအဖ စစ်သား တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

ထို့ကြောင့် ဇွန်လ ၁၀ ရက်နေ့ က KNLA မှ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မဟာ(၆)မှ သတင်းပေးချက်အရ သိရှိရသည်။

ယမန်နေ့ ညဦးပိုင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် တောင်ဘက် ၃ မိုင်အကွာရှိ ရွာသစ်ကုန်းရွာအနီးတွင် KNU တပ်ဖွဲ့ ဝင်များနှင့် နအဖ စစ်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း ကရင် စစ်ရေးသတင်းရပ်ကွက်များက ပြောသည်။

ထို့အတူ ဇွန်လ ၁၀ရက်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကနဲလေးရွာနှင့် မော်ဖို့ ကလို့ ကျေးရွာ ကြားတွင် နအဖ စစ်တပ်က ရိက္ခာ၊ ကျည်ဆန်နှင့် လက်နက်များ သယ်ဆောင်ခိုင်းထားသော ပေါ်တာတန်းတခုကို KNU တပ်က စီးနင်းသိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။

“နအဖ တပ်တွေက စစ်ဆင်ရေးအတွက် အသုံးပြုလာတဲ့ ပေါ်တာတန်းခုကို ကျနော်တို့ ဝင်စီးလိုက်လို့ သိမ်းဆည်းရမိတာတွေ ကတော့ စကားပြောစက် ၃ ခု၊ ကျည်ဆန် ၃ သေတ္တာ၊ စစ်ယူနီဖောင်း ၃၅စုံ၊ ဆန် ၂နှစ်အိပ်နဲ့ ငါးခြောက်၂အိပ်ဖြစ်ပါတယ်”ဟု တပ်မဟာ (၆)နယ်မြေ အထူးတပ်ရင်း ၂၀၂ မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

သွားရောက် သိမ်းဆည်းသူများမှာ တပ်ခွဲ (၂)မှ တပ်ခွဲမှူး ဗိုလ်ခူဝါး၏ တပ်ဖွဲ့ ဝင်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ယခု အချိန်အထိ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်း မရှိသေးပေ။



source by :Irrawaddy

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */