စစ်တပ်လျှို့ဝှက်စီမံကိန်းနယ်မြေ လုံခြုံရေးတိုးမြှင့်

Tuesday, June 22, 2010 ·



ပေါက်ပေါက် | မကွေးတိုင်း နတ်မောက်မြို့နယ် အရှေ့တောင်ဘက် ပင်းကတော့တောင်ကြောပေါ်တွင် နအဖစစ်တပ်၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းနယ်မြေအား မကြာသေးမီ ရက်ပိုင်းကစ၍ စစ်တပ်အင်အား ပိုမိုတိုးချထားပြီး အနီးတ၀ိုက်မှ ကျေးရွာသားများအား တောင်ခြေအနီး သွားလာမှုများ ပိတ်ပင်လိုက်သည်။

လွန်ခဲ့သည့် (၄) နှစ်လောက်မှစ၍ အဆိုပါ တောင်ကြောပေါ်သို့ စစ်တပ်မှ လာရောက်အခြေချကာ စက်ယန္တရားများ ပို့ဆောင်ခြင်း၊ မိုးကာအုပ်ထားသည့်ယာဉ်များနှင့် ဘိလပ်မြေအိတ်များ တင်ဆောင်သည့်ကားများ သွားလာမှုရှိခဲ့ကြောင်း၊ ယခုအခါ ထိုဒေသတွင် စစ်တပ်အင်အား တိုးချဲ့ချထားသည်ကို တွေ့ရကြောင်း နတ်မောက်ဒေသခံတဦးက ပြောသည်။

၎င်းက “အခုလ အစောပိုင်းလောက်က စစ်သားတွေ ထပ်တိုးထားတယ်။ ကျောက်ပန်းတောင်း၊ ပျဉ်းမနား မီးရထားလမ်းပေါ်က ရွှေပန်းကျေးရွာရဲ့ အရှေ့လောက်မှာရှိတယ်။ အဲဒီဘက်မှာ ဂွေးကုန်း၊ ရှမ်းကုန်း၊ ဆင်သေကန်၊ ဒန့်သလွန်ကုန်း၊ ဖျောက်ဆိပ်ကုန်းတို့လို ရွာတွေရှိတယ်။ အခု အဲဒီတောင်ကြောဘက် ထင်းခုတ်၊ ဝါးခုတ်ကတော့ အရင် (၄) နှစ်လောက်ကတည်းက ပိတ်ထားတာ။ အခုတော့ တောင်ခြေနား စားကျက်တွေဘက် ကျွဲနွားတွေ သွားလွှတ်လို့ မရတော့ဘူး။ စစ်တပ်က ရှေ့ထွက် ကင်းပုန်းဝပ် စောင့်နေတယ်” ဟု ပြောသည်။

နတ်မောက်မြို့နယ်အတွင်းတွင် စစ်လက်နက်ပစ္စည်းစက်ရုံလည်းရှိပြီး ယခု တောင်ကြောပေါ်ရှိ ဆောက်လုပ်ရေးစီမံကိန်းနှင့် အလှမ်းဝေးကာ သီးသန့်ဖြစ်နေကြောင်း၊ ယခုဆောက်လုပ်ရေး စီမံကိန်းသည် ဥမင်လိုဏ်ခေါင်း ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများအကြား ယူဆပြောဆိုနေကြောင်း နတ်မောက်ဒေသခံတဦးက ပြောသည်။

၎င်းက “ဂွေးကုန်းနဲ့ ဆင်သေကန်ဘူတာအကြား သံလမ်းအရှေ့ဘက် (၂) မိုင် လောက်ပဲရှိမယ် ထင်တယ်။ ရထားပေါ်ကနေ အဆောက်အဦတွေ လှမ်းမြင်နေရတယ်။ ဟိုနှစ်တွေတုန်းကဆို တောင်တွေပေါ် သစ်ပင်တွေ ခုတ်ထားလို့ ပြောင်နေတာ၊ အခုသစ်ပင်တွေ ပြန်စိုက်ထားတယ်။ အစောပိုင်းက မိုင်းခွဲတာတွေ နေ့တိုင်းကြားရတယ်။ ဥမင်လိုဏ်ခေါင်း ဖောက်နေတာ၊ ပျဉ်းမနားအထိ ဖောက်သွားမှာဆိုပြီး ပြောနေကြတယ်။ ကိုရီးယားလို နိုင်ငံခြားသားတွေ ရောက်လာတာကို အချို့မြင်လိုက်ရတဲ့သူ မြင်လိုက်ရတယ်” ဟု ပြောသည်။

မကြာသေးမီက နအဖ၏ လျှို့ဝှက် နျူကလီးယားစီမံကိန်းနှင့် ဥမင်လိုဏ်ခေါင်းကိစ္စများကို စီမံကိန်းတွင် ပါဝင်ပတ်သက်ခဲ့သူ မြန်မာပြည်မှထွက်လာသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြည်ပသတင်းဌာနများမှတဆင့် ဖော်ထုတ်ခဲ့သဖြင့် ယခုကဲ့သို့ စီမံကိန်းများရှိရာ ဒေသအား ပြင်ပလူများ လာရောက် စုံစမ်းထောက်လှမ်းမှုများ မလုပ်နိုင်ရန် လုံခြုံရေး တိုးမြင့်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “ဗိုလ်မှူး စိုင်းသိန်းဝင်း ဖွင့်ချလိုက်တော့ မဟုတ်ပါဘူးဆိုပြီး တဖက်က ငြင်းနေသလို ကျန်တဖက်ကလည်း အဲလို လျှို့ဝှက်နယ်မြေတွေကို အခြားပြင်ပကလူတွေ လာပြီး ဓာတ်ပုံရိုက်တာ၊ သတင်းလာထောက်တာတွေ မဖြစ်ဖို့ လုံခြုံရေး တိုးချထားတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */