နအဖဝန်ကြီးများ ကေအိုင်အိုနှင့် လာတွေ့

Friday, June 18, 2010 ·



ခိုင်လင်း | အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယမန်နေ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား နှစ်ဖက်တွေ့ဆုံမှုများကို မြစ်ကြီးနားတွင် ပြုလုပ်နေရာမှ လိုင်ဇာ၌ လာရောက် တွေ့ဆုံခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်နေ့က နယ်ခြားစောင့်တပ် မလုပ်ဘူးလို့ တုံ့ပြန်ပြီးနောက်ပိုင်း ကေအိုင်အိုနဲ့ နအဖအကြား နှစ်ဖက် ဆက်ဆံမှု မပျက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့နေကြတာရှိတယ်။ မြစ်ကြီးနားမှာပဲ တွေ့နေကြတာ။ အခု လိုင်ဇာကို လာဖို့ ကေအိုင်အိုက ပြီးခဲ့တဲ့တပတ် တွေ့ဆုံတုန်းက ဖိတ်ထားတော့ ရောက်လာတာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးတာမျိုး မဟုတ်တော့ဘူး။ ဘာဆွေးနွေးနေတယ်၊ ဘယ်ခေါင်းစဉ်နဲ့ သွားနေသလဲဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

အသွင်ပြောင်းလိုကြောင်း ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား တွေ့ဆုံမှုများရှိခဲ့ရာ ကေအိုင်အိုအဖွဲ့ကမူ ပုံမှန် ဆက်ဆံရေး မပျက်ရေးအတွက် တွေ့ဆုံခြင်းသာဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်လက်နက်ကိုင်တပ်ရင်းများဖြင့်သာ ဖွဲ့စည်းလိုကြောင်း ဧပြီလအတွင်းက ကေအိုင်အို၏ နောက်ဆုံးကမ်းလှမ်းမှုအပေါ် ဆွေးနွေးခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူလိုင်ဇာဒေသခံက ပြောသည်။

၎င်းက “သူတို့က မိတ်မပျက်အောင် ချစ်ကြည်ရေးအရ တွေ့ဆုံမှုဆိုပေမယ့် ဒီထက်ပိုနိုင်တယ်လေ။ ကေအိုင်အို ပြောထားတဲ့ ကချင်လက်နက်ကိုင် တပ်ရင်းအနေနဲ့ အသွင်ပြောင်းမယ့်အပေါ်ကို နအဖဘက်က သဘောတူတာ ဒါမှမဟုတ် အသေးစိတ် သိချင်လို့ ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်အကြား ဟိုအစောပိုင်းကလို စစ်ရေးတင်းမာမှုမရှိတော့ဘူးဆိုတော့ တစုံတရာ နားလည်မှု ရနေပုံရတယ်” ဟု ပြောသည်။

ယမန်နေ့က မပခလက်အောက်ခံ ခလရ (၁၄၂) မှ စစ်သားအင်အား (၁ဝဝ) ဝန်းကျင်က လုံခြုံရေးအဖြစ် လိုက်ပါလာသည့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်တို့အဖွဲ့သည် ယမန်နေ့ နေ့လယ် (၁၁) နာရီခန့်တွင် လိုင်ဇာသို့ ရောက်ရှိလာပြီး လိုင်ဇာဟိုတယ်တွင် ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။


source by
:NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */